Great Controversy 1858

21/43

အခန်း (၁၉) သေခြင်းသည် ထာဝရ ငရဲခံခြင်းမဟုတ်။

စာတန်သည်ဧဒင်ဥယျာဉ်၌ လှည့်စားခြင်းကို ဤသို့စတင်ခဲ့သည်။ သင်တို့သည် ဧကန်အမှန်သေရမည်မ ဟုတ်ဟု ဧဝအား ပြောခဲ့ပါသည်။ ဝိညာဉ်သည် သေခြင်းတရားနှင့် ကင်းလွတ်၏ဟူသော သင်ခန်းစာကို ပထမ ဦးစွာ ပို့ချလိုက်ခြင်း ဖြစ်သည်။ ယနေ့လည်း ဤသင်ခန်းစာကိုပင် ဆက်လက် ပို့ချနေပါသည်။ ဘုရားရှင်၏ သား သမီးများအနှောင့်အဖွဲ့မှ လွတ်မြောက်သည့်နေ့တိုင်အောင် လှည့်စားမှုကိုပင် ဆက်လက်ပို့ချနေပါသည်။ အာဒံနှင့် ဧဝတို့ဥယျာဉ်၌ နေခဲ့ပုံကို ကျမအားညွှန်ပြပါသည်။ တားမြစ်ထားသောအပင်၏ အသီးကိုစားသုံးကြပြီးနောက် မီးစက် လက်နက်များဖြင့် အသက်ပင်ကိုဝန်းရံထားလိုက်ပါသည်။ သူတို့ကိုလည်း ဥယျာဉ်တော်မှ နှင်ထုတ်လိုက်ပါသည်။ ဤသို့မပြုလုပ်ပါက သူတို့သည်အသက်ပင်၏အသီးကိုစားလျှက် ဒုစရိုက်သားများအပြင် ထာဝစဉ်အသက် ရှင်နေကြ ပေလိမ့်မည်။ အသက်ပင်၏အသီးသည် မသေမပျောက် နိုင်သော ကိုယ်ခန္ဓာအဖြစ် ထာဝစဉ်တည်မြဲ စေပါသည်။ ‘‘အာဒံ၏မိသားစုထဲမှ မည်သူသည် မီးစက်လက်နက်ကိုဖြတ်ကျော်၍ အသက်ပင်အသီးကို စားခဲ့ပါသနည်း။’’ ဟု ကောင်းကင်တမန်တစ်ပါးကမေးလိုက်သည်ကို ကျမကြားလိုက်ပါသည်။ ‘‘အာဒံ၏မိသားစုထဲမှ မည်သူမျှမီးစက်လက် နက်များကို ဖြတ်ကျော်၍ အသက်ပင်၏အသီးကို မစားခဲ့ပါ။ ထို့ကြောင့် မသေမပျောက်နိုင်သော ဒုစရိုက် သားမရှိပါ’’ ဟုအခြားကောင်းကင်တမန်က ပြန်၍ဖြေလိုက်သည်ကိုလည်း ကျမကြားလိုက်ရပါသည်။ အပြစ်ကျူးလွန်သော ဝိညာဉ် သည် ထာဝရသေရမည်။ ထမြောက်ရန်မျှော်လင့်ချက်မရှိသောသေခြင်းဖြင့် သေရမည်။ ထိုမှထာဝရဘုရား၏ အမျက် တော်ပြေလိမ့်မည်။ GCB58 45.2

ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်ဟူသော ဘုရားသခင်မိန့်တော်မူချက်ကို ပြစ်မှားသော ဝိညာဉ် သည်အသက်မသေရ။ ထာဝရကာလပတ်လုံးဒုက္ခခံလျှက် အသက်ရှင်နေရမည်ဟု အဓိပ္ပါယ်ပေါက်လျှက် လူတို့ယုံ ကြည်အောင် စာတန်ဆောင်ရွက်ရာတွင် များစွာအောင်မြင်သည့်အတွက် ကျမအထူးအံ့ဩမိပါသည်။ အသက်ရှင် ခြင်းဆိုသည်မှာ နာကျင်ခြင်းဝေဒနာကို ခံစားလျှက်ဖြစ်စေ၊ ဝမ်းမြောက်လျှက်ဖြစ်စေ၊ သိရှိခြင်းဖြစ်ပါသည်။ သေခြင်း ဆိုသည်မှာ နာကျင်ခြင်းဝေဒနာမရှိ၊ ဝမ်းမြောက်ခြင်းမရှိ၊ မုန်းတီးခြင်းမရှိဟု ကောင်းကင်တမန်ကပြောပါသည်။ GCB58 45.3

သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်ဟု ဧဒင်ဥယျာဉ်တော်၌ဧဝအား ပထမအကြိမ်လှည့်ဖြားခဲ့သည် နည်းအတိုင်းဆက်၍ အထူးအားထုတ်လှည့်ဖြားကြရန် သူ၏တမန်များအား အတန်မှာကြားထားပါသည်။ ယင်းအမှား ကိုလူတို့လက်ခံလျှင်လူ၏အသက်ဝိညာဉ်သည် မသေမပျောက်နိုင်ဟုဆိုသည်ကိုပါ ယုံကြည်စေသဖြင့် အပြစ်သား သည်ထာဝရကာလပတ်လုံးဒုက္ခခံလျှက် အသက်ရှင်နေရမည်ဆိုသည်ကိုလည်းဆက်၍ ယုံကြည်အောင်စာတန် ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ ထိုအခြေသို့ ဆိုက်ရောက်သောအခါ ထာဝရဘုရား ဆိုသည်မှာ မိမိ၏အလိုသို့မ လိုက်သောသူတို့အားသူ၏အမျက်ဒေါသကို ထာဝရကာလပတ်လုံးခံစားနေကြစေရန် ငရဲထဲသို့ချသည့်ဘုရားဖြစ် ကြောင်း လူတို့၏ဘာသာစကားဖြင့် မဖေါ်ပြနိုင်လောက်အောင် ပြင်းပြသည့်စိတ်ဆင်းရဲကိုယ်ဆင်းရဲများကို ထာဝရ ကာလပတ်လု့းတောက်လောင်နေသော မီးလျံများထဲတွင် တွန့်လိမ်၍ ခံစားနေကြရစဉ် ကျေနပ်နှစ်သိမ့်စွာဖြင့် ကောင်း ကင်မှငုံ့ကြည့်နေသောဘုရားဖြစ်ကြောင်း၊ ယင်းသို့ရန်တုံ့ပြန်မှုဖြင့် နှိပ်စက်အုပ်စိုးသည့် ဘုရားဖြစ်ကြောင်း စသည် ဖြင့်လူတို့ရှေ့တွင် သူ၏ကိုယ်စားလှယ်များအားဖြင့် ဘုရားရှင်၏ ပုံတော်ကိုတင်ပြရန် စာတန်အတွက် လမ်းဖွင့်သွားပါ သည်။ GCB58 45.4

အကယ်၍ ထိုအမှားကိုလက်ခံကြသည်ဆိုပါက ဘုရားသခင်အား ချစ်ကြောက်ရိုသေကြမည့်အစား မုန်း တီးကြလိမ့်မည်ဖြစ်ကြောင်း ထိုမျှမက ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့် ကြည်ဖြူသောသဘောရှိတော်မူသည်ဖြစ် ၍မိမိဖန်ဆင်းထားတော်မူသော လူများကိုပြင်းပြသော ဝေဒနာခံစားရာ ငရဲထဲသို့တွန်းချမည်ဆိုသည်မှာ မဖြစ်နိုင် ကြောင်းသို့ပြု၍ နှုတ်ကပတ်တရားတော်အရ ခြိမ်းခြောက်ထားခြင်းများသည်လည်း အမှန်တကယ် ပြည့်စုံကြလိမ့်မည် မဟုတ်ကြောင်း စသည်ဖြင့် လူအများယူဆကြလိမ့်မည်ဟု စာတန်သိထားပါသည်။ လူတို့အား စာတန်ကလမ်းညွှန်ဆွဲ ဆောင်နေသည့် အခြားသောတစ်ဖက်စွန်းရောက်သဘောတရားတစ်ခုမျှ ဘုရားသခင်၏တရားမျှတမှုနှင့် မှုတ်က ပတ်တရားတော်တွင်ခြိမ်းခြောက်ထားသည့်အချက်များကို လုံးဝလစ်လှူရှုထားပြီးလျှင် ဘုရားသခင်သည် ကရုဏာတ ရားနှင့်သာ လုံးဝပြည့်စုံတော်မူသောကြောင့် မည်သူမျှ ပျက်စီးခြင်းမရောက်နိုင်။ သန့်ရှင်းသူနှင့်အတူ ဒုစရိုက်ပါ နောက်ဆုံးတွင် ကိုယ်တော်နိုင်ငံတော်သို့ ဝင်စားကြရလိမ့်မည်ဟူသော အချက်ပင်ဖြစ်သည်။ ဝိညာဉ်သည် မသေမ ပျောက်နိုင်၊ ငရဲသည်ထာဝရတည်သည်ဟူသော အများကြိုက်သဘောတရားများကို အကြောင်းပြလျှက် ကျမ်းစာ သည်ဝိညာဉ်တော်ပြုပြင်မှုအရ ရေးသားထားသော စာအုပ်မဟုတ်ပါဟု အခြားလူတစ်စုမှ သဘောထားရန် စာတန်အ ခွင့်ကောင်းယူ၍ ဆွဲဆောင်ထားပါသည်။ ကျမ်းစာသည် ကောင်းသောအချက်အများအပြားကို သင်ပေးကြောင်း၊ သို့ သော်ငရဲတည်းဟူသော ဆင်းရဲငြိုငြင်ခြင်းကို ထာဝရကာလပတ်လုံး ခံစားနေရမည်ဟူသော သဘောတရားကို သင် ကြားထားသည့်အတွက် ထိုကျမ်းစာကို မြတ်နိုး၍ အားထားမပြုသင့်ဟု ထိုလူတန်းစားတစ်ရပ်က ထင်မှတ်ကြပါလိမ့် မည်။ GCB58 46.1

စာတန်နောက်ထပ် လူတန်းစားတစ်ရပ်ကို အခွင့်ကောင်းယူ၍ ထိုသူတို့ကို ဆက်လက်ခေါင်းဆောင်ကာဘု ရားသခင် တည်ရှိတော်မူခြင်းကို ငြင်းဆိုကြပါသည်။ ကျမ်းစာတွင်ဖေါ်ညွှန်းထားသည့် ဘုရားသခင်သည် လူသားမျိုး နွယ်တစ်ရပ်လုံးမှ အချို့သောသူများကို ထာဝရကာလပတ်လုံး ထိတ်လန့်စရာ နှိပ်စက်ညှဉ်းပမ်းထားမည်ဆိုသည်မှာ ဘုရားသခင်၏ ဂုဏ်တော်နှင့် မဆီလျော်သောကြောင့် ကျမ်းစာနှင့်တကွ ယင်းကျမ်းစာကို ဖြစ်စေတော်မူသောအရှင် ကိုပါငြင်းပယ်ကြ၏။ သေခြင်းကိုလည်း ထာဝရအိပ်ခြင်းဟု သဘောထားကြသည်။ GCB58 46.2

ထိုမျှမက ကြောက်လန့်တတ်၍ စိတ္တဗလချို့တဲ့သော လူတန်းစားတစ်ရပ်ရှိပါသေးသည်။ ထိုကဲ့သို့သောလူတို့ အားအပြစ်ကျူးလွန်စေရန် ဖြားယောင်းပြီးမှ အပြစ်အခကား သေခြင်းမဟုတ်၊ နှိပ်စက်ငြင်းဆဲခြင်းမျိုးစုံကို ခံစားရ သည့်ငရဲတွင် ကမ္ဘာအဆက်ဆက် မသေမပျောက်ဘဲ ခံစားနေရမည်ဟု စာတန်ကသရုပ်ဖေါ်နေသည်ကို ယုံကြည် နေရသော လူတန်းစားတစ်ရပ် ဖြစ်ပါသည်။ စာတန်သည် ယင်းသို့စိတ်မခိုင်သောသူတို့အား ထာဝရငရဲဘုံကိုချဲ့၍ပြ ခြင်းဖြင့် ထိုသူတို့၏ စိတ်အာရုံများကို အပိုင်စီးထားရာ ထိုသူတို့အနေဖြင့် ဆင်ခြင်တုံတရားနှင့်ကင်းဝေးသွားကြ ပါသည်။ ထိုအချိန်တွင် စာတန်နှင့်တမန်များ ကြည်နူးဝမ်းမြောက်ကြ၏။ ဘုရားတရားမကြည်ညိုသောသူများနှင့်ဘု ရားမရှိဟု အယူရှိသောသူများကလည်း စာတန်ဘက်မှနေ၍ ခရစ်ယာန်များအား ပြစ်တင်ဝေဖန်ကြပါသည်။ ယင်း မကောင်းမှုများမှာ ကျမ်းစာနှင့်တကွ ကျမ်းစာကိုဖြစ်ပွားစေတော်မူသည့် အရှင်အားကိုးကွယ်ခြင်းအတွက် အကျိုး သက်ရောက်မှုများဖြစ်သည်ဟု မယုံကြည်သူ ဘုရားမဲ့ဝါဒီများမှာ လက်ညှိုးထိုးပြောဆိုကြလိမ့်မည်။ GCB58 46.3

စာတန်၏ဤမျှလောက် အတင့်ရဲသောလုပ်ရပ်အတွက် ကောင်းကင်တမန်ဗိုလ်ခြေတို့ နာကျင်စွာခံစားကြရ သည်ကိုကျမတွေ့မြင်ရပါသည်။ ဘုရားသခင်၏ ကောင်းကင်တမန်များသည် တန်ခိုးစွမ်းအားနှင့်ပြည့်စုံကြသည့်အ လျှောက်တာဝန်ပေးအပ်ခြင်း ခံရပါက ရန်သူ၏ တန်ခိုးအာဏာကို ကောင်းစွာနှိမ်နင်းနိုင်မည်ဖြစ်ပါလျှက် ထိုအယူဝါ ဒများသည် လူတို့၏ စိတ်အာရုံထဲတွင် စွဲကပ်နေသည့်တိုင်အောင် ခွင့်ပြုထားခြင်းမှာ မည်သည့်အတွက်ပါနည်းဟုကျမ မေးပါသည်။ ထိုအခါ ကျမမြင်တွေ့ရသည်မှာ စာတန်သည်လူကိုဖျက်ဆီးရန် နည်းလမ်းမျိုးစုံကို အသုံးပြုမည်ဖြစ် ကြောင်း ထိုအရာကိုဘုရားသခင်သိတော်မူကြောင်း၊ ထို့ကြောင့် နှုတ်ကပတ်တော်ကိုရေးသားစေတော်မူ၏။ လူသား မျိုးနွယ်တစ်ရပ်လုံး လိုက်နာရန် ကိုယ်တော်၏ကြံရွယ်ချက်များကိုလည်း ခွန်အားအနည်းဆုံးသောသူပင် လမ်းမမှား စေရန် အရှင်းလင်းဆု့းရေးသားထားတော်မူ၏။ မိမိ၏နှုတ်ကပတ်တရားတော်ကို လူသားအားပေးပြီးနောက် စာတန် နှင့်သူ၏တမန်များ (သို့) သူ၏ကိုယ်စားလှယ်များနှင့်တကွ မည်သူမျှမဖျက်ဆီးနိုင်အောင် ကောင်းစွာထိန်းသိမ်းစောင့် ရှောက်ထားတော်မူ၏။ အခြားစာအုပ်များ ဖျက်ဆီးခံရသည့်တိုင်အောင် ကျမ်းစာသည် မပျောက်မပျက်နိုင်ပါ။ နောက်ဆုံးသောကာလ စာတန်၏ မတရားသောအမှုများသည် တိုးပွားများပြားလာသောအခါ အလိုရှိသောသူတိုင်း တစ်ယောက်လျှင် တစ်အုပ်စီရနိုင်အောင် တိုးပွားများပြားလိမ့်မည်။ အလိုရှိပါက စာတန်၏အံ့ဖွယ်လိမ်လည်လှည့် ဖြားမှုကိုလည်း ထိုကျမ်းစာဖြင့်ပင် ကာကွယ်နိုင်ကြပေလိမ့်မည်။ GCB58 46.4

ဘုရားသခင်သည် ကျမ်းစာကို အထူးသဖြင့် ကာကွယ်စောင့်ကြပ်ထားကြောင်း ကျမရှုမြင်ရပါသည်။ သို့ သော်အုပ်ရေနည်းပါးစဉ်က စာပေကျမ်းဂန်ကျွမ်းကျင်သူများက ပို၍ရှင်းလင်းလိမ့်မည်ဟု သူတို့မှတ်ယူကြသည့်အ လျှောက် အချို့နေရာများတွင် စာလုံးများကို ပြောင်းထားကြပါသည်။ အမှန်အားဖြင့် သူတို့လွှဲပြောင်းလိုက်သည့်အ တွက်နဂိုမူလက ရှင်းလင်းနေသည့်အချက်များသည် ဓလေ့ထုံးစံရှုထောင့်များဘက်သို့ ယိုင်စေသဖြင့် ပို၍ရှုပ်ထွေး သွားစေပါသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တရားတော် တစ်အုပ်လုံးအနေဖြင့် တစ်ပိုင်းသည်အခြားတစ် ပိုင်းနှင့်ကွင်းဆက်ဖြစ်နေသည်သာမက အဓိပ္ပါယ်ကိုပါ ဆက်စပ်ဖေါ်ညွှန်းထားသည်ဖြစ်၍ နှုတ်ကပတ်တရားတော် တစ်အုပ်လုံးမှာပြီးပြည့်စုံသော ကွင်းဆက်သံကြိုးပမာ ဆက်စပ်မှုရှိနေသည်ကို ကျမရှုမြင်ရပါသည်။ သမ္မာတရားတော် ကိုသစ္စာရှိစွာ ရှာဖွေသူများအတွက် လမ်းမမှားနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုကျမ်းစာတွင် ဖေါ်ညွှန်းထားသည့် အသက်ရှင်ရာ လမ်းစဉ်အကြောင်းကို ကြော်ငြာရာတွင် နှုတ်ကပတ်တော်သည် လွယ်ကူရှင်းလင်းသည်သာမက လေ့လာသူတိုင်း နားလည်သဘောပေါက်စေရန် လမ်းပြရှင်အဖြစ် သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း စေလွှတ်ထား တော်မူ၏။ GCB58 47.1

လူ၏အလိုဆန္ဒကိုဘုရားရှင်၏ ကောင်းကင်တမန်များ အနေဖြင့်မည်သည့်အခါမျှ မထိန်းချုပ်နိုင်ကြောင်း ကိုကျမရှုမြင်ရပါသည်။ အသက်ရှင်ခြင်းနှင့်သေခြင်း လမ်းနှစ်သွယ်ကို လူတို့ရှေ့တွင် ဘုရားရှင်စီမံချက်ချထားတော် မူ၏။ မိမိအလိုရှိသောလမ်းကို ရွေးချယ်ပိုင်ခွင့်ရှိပါသည်။ အများသောသူတို့သည် အသက်ရှင်လိုသော်လည်းကျယ် သောလမ်း၌ပင် ဆက်၍ လျှောက်နေကြပါသည်။ အသက်ရှင်ခြင်းကို မရွေးချယ်မိသောကြောင့် ဖြစ်သည်။ GCB58 47.2

လူအများအတွက်အသေခံခြင်းဖြင့် ဘုရားသခင်၏ကရုဏာတော်နှင့် မေတ္တာကိုကျမတွေ့ရပါသည်။ သူတို့ အားကြင်နာသနားတော်မူသောကြောင့် သားတော်အားသူတို့အတွက် အသေခံတော်မူပြီးသော်လည်း ဘုရားရှင်အုပ် စိုးတော်မူခြင်းကို ပုန်ကန်သည့်လမ်းကိုပင် ရွေးချယ်ကြ၏။ တန်ဖိုးများစွာပေး၍ ဝယ်ထားပြီးသော ကယ်တင်ခြင်းကို ပင်လက်မခံကြသူများပြစ်ဒဏ်စီရင်ခြင်းကို ခံရကြပါလိမ့်မည်။ သို့သော် သူတို့သည် အဆုံးမရှိသော ညှဉ်းပန်းနှိပ် စက်ခြင်းကို ခံစားနေကြရန်ဘုရားရှင်သည် သူတို့အားငရဲအတွင်း ပိတ်လှောင်ထားလိမ့်မည်မဟုတ်။ ကောင်းကင်နိုင် ငံတော်သို့လည်းခေါ်သွင်းလိမ့်မည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့အားသန့်ရှင်းသော သူများနှင့်အတူ နေစေလျှင် သူတို့အထူးစိတ်ဆင်းရဲကြပေလိမ့်မည်။ သို့သော်သူတို့အား မည်သည့်အခါမျှ မရှိခဲ့ဘူးသည့် အနေမျိုး ဖြင့်လုံးလုံးပျက်စီးပစ်တော်မူလိမ့်မည်။ ထိုအခါကိုယ်တော်၏ တရားမျှတပုံကို ကျေနပ်နိုင်ကြပေလိမ့်မည်။ ကိုယ်တော် သည်မြေမှုန့်ဖြင့်လူကိုဖန်ဆင်းထားတော်မူသည်ဖြစ်၍ နားမထောင် မသန့်ရှင်းသောသူသည် မီး၌ကျွမ်းလောင်ခြင်း ကိုခံရပြီးလျှင် မြေမှုန့်သို့တစ်ဖန်ပြန်ရကြလိမ့်မည်။ ဤကြောင်းနှင့်စပ်လျဉ်း၍ ဘုရားရှင်၏ကောင်းမြတ်တော်မူ သောစေတနာတော်နှင့် သနားကြင်နာတော်မူခြင်းအကြောင်းကို လူတိုင်းသိ၍ ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်း လျှက်သန့်ရှင်းသောနာမတော်ကို ကြည်ညိုသဒ္ဒါပွားများသင့်ကြောင်း ကျမမြင်တွေ့ရပါသည်။ မတရားသောသူတို့ အားမြေကြီးပေါ်မှဖျက်ဆီးပြီးသောအခါ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့က ‘‘အာမင်’’ ဟုကြွေးကြော်ပေလိမ့်မည်။ GCB58 47.3

ခရစ်တော်နာမတော်ကို ခံယူထားပါလျှက် သူအစပြုခဲ့သော အဓမ္မဝါဒလမ်းစဉ်ကို တိကျစွာလိုက်လျှောက် နေသောသူများကိုကြည့်၍ စာတန်အထူးပင်ကျေနပ်နေပါသည်။ သူ၏အလုပ်မှာ အသစ်သောအဓမ္မဝါဒများကိုဆက် လက်တီထွင်ရန်ဖြစ်ပြီး ယင်းလမ်းစဉ်အတွက် သူ၏တန်ခိုးခွန်အားနှင့် အတတ်ပညာမှာလည်း စဉ်ဆက်မပြတ်တိုး တက်နေပါသည်။ သူ၏အဓမ္မဝါဒကို လက်မခံလိုသောသူများအား ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်း၍ လုံးဝဖျက်ဆီးပစ် ရန်စာတန်သည် မိမိကိုယ်စားလှယ်များဖြစ်သော သာသနာပရဟန်းများနှင့် လက်အောက်ခံရဟန်းများအားမြှောက် ပင့်ခေါင်းဆောင်လျှက် လူထုကိုလှုံ့ဆော်ထကြွစေပါသည်။ ခရစ်တော်၏မွန်မြတ်သော တပည့်သားမြေးများခံစားရ ကြသည့်ဒုက္ခဝေဒနာများ ပြင်းထန်လှပါသည့်တကား။ ဘုရားရှင်၏ ကောင်းကင်တမန်များကလည်း ပြည့်စုံစွာမှတ် တမ်းတင်ထားကြပါသည်။ ဤသို့ဆင်းရဲခံကြသော သန့်ရှင်းသူများအား အလုပ်အကျွေးပြုရကြသည့် ကောင်းကင်တ မန်များအား စာတန်နှင့်သူ၏မတရားသောတမန်များက ဤကမ္ဘာမြေကြီးပေါ်တွင် မှန်ကန်သော ခရစ်ယာန်တစ်ဦး တစ်ယောက်မျှ မကျန်ရှိရအောင် ထိုသူတို့အားလုံးကို အသေသတ်ရမည်ဟု ရွှင်ပြသောမျက်နှာဖြင့် ပြောကြပါသည်။ ထိုအချိန်က ဘုရားသခင်၏ အသင်းတော် သန့်စင်ပီပြင်ပုံကိုကျမမြင်တွေ့ရပါသည်။ မိမိ၏ယုံကြည်ခြင်းကိုအတိအ လင်းကြော်ငြာသောခရစ်ယာန်သည် စင်ပေါ်တင်၍ အဆစ်များပြုတ်ထွက်သည့်တိုင်အောင် ဆွဲဆန့်၍သတ်ခြင်း၊ အရှင်လတ်လတ်သစ်တိုင်တွင်ချည်နှောင်၍ မီးရှို့သတ်ခြင်းမှအစ စာတန်နှင့်သူ၏မတရားသောတမန်များက တီထွင် ထားနိုင်သမျှသော (သို့) လူတို့အားလှုံ့ဆောင်ပေးခြင်းဖြင့် တီထွင်နိုင်သမျှသော ညှဉ်းပန်းနှိပ်စက်ခြင်းနည်းမျိုးစုံကိုရင် ဆိုင်ရမည့်အန္တရယ်ရှိသောကြောင့် စိတ်နှလုံးမတည်ကြည်သောသူတို့သည် ထိုအသင်းတော်သိုပင် ရောက်လာကြ မည့်အန္တရယ်မရှိပါ။ GCB58 47.4

ဆက်လက်လေ့လာရန်။ ကမ္ဘာ ၃၊ ဒေသနာ ၉:၅၊ ၁၂:၇။ ယောဘ ၁၈:၄။ လုကာ ၂၁:၃၃။ ယော ၃:၁၆။ ရောမ ၆:၂၃။ ၂တိ ၃:၁၆။ GCB58 48.1

ဗျာ ၂၀:၁၄-၁၅။ ၂၁:၁။ ၂၂:၁၂-၁၉။ GCB58 48.2