Great Controversy 1858

18/43

အခန်း (၁၆) ယေရုရှလင်မြို့သို့ ရှင်ပေါလု လည်ပတ်ခြင်း။

ရှင်ပေါလု၏အသက်တာပြောင်းလဲပြီးသည့်နောက် များမကြာမီတွင် ယေရုရှလင်မြို့သို့သွားရောက်ကာ သခင်ခရစ်တော်နှင့် ကိုယ်တော်၏ကျေးဇူးတော်အကြောင်းကို ဟောကြားခဲ့ပါသည်။ မိမိ၏အံဖွယ်ပြောင်းလဲခြင်းအ ကြောင်းကိုပြောကြားရာ၌ ယဇ်ပရောဟိတ်များနှင့် အကြီးအကဲများတို့သည် အမျက်ဒေါသထွက်ကာ သူ့ကိုလုပ်ကြံ ရန် ကြိုးစားခဲ့ပါသည်။ ရှင်ပေါလု၏အသက်တာကို ကယ်တင်ရန်အလို့ငှါ မိမိဆုတောင်းနေစဉ်တွင် ရူပါရုံရ၍ ယေရုရှလင်မြို့ရှိ မြို့သူမြို့သားတို့သည် မိမိ၏ သက်သေခံခြင်းကို လက်ခံမည်မဟုတ်သောကြောင့် ယေရုရှလင်မြို့မှ အလျင်အမြန်ထွက်ခွါရန် သခင်ခရစ်တော်ကိုယ်တိုင် ရှင်ပေါလုအား မိန့်တော်မူခဲ့ပါသည်။ ရှင်ပေါလုသည် သခင်ခရစ် တော်အားတောင်းပန်၍ လျှောက်ထားခဲ့ပါသည်။ ကိုယ်တော်ကိုယုံကြည်သောသူတို့ကို တရားစရပ်တိုင်း၌ လိုက်လံ ရှာဖွေပြီးရိုက်နှိက်၍ ထောင်ချခဲ့ကြောင်းကို ဤသူတို့သိပါသည်။ သတေဖန်သည် မာတုရသေခြင်းနှင့် အသက်ပေး သောအခါ၌လည်း ခဲနှင့်ပေါက်သောသူတို့၏ ဝတ်လုံများကို အကျွန်ုပ်စောင့်ရှောက်ခဲ့ပြီး သက်သေပြုခဲ့ကြောင်းကို လည်းဤသူတို့သိပါသည်ဟု လျှောက်ထားခဲ့ပါသည်။ ယေရုရှလင်မြို့ရှိ ယုဒလူမျိုးတို့သည် ရှင်ပေါလု၏သက်သေခံ ချက်ကိုငြင်းဆန်ခြင်းမပြုဘဲ ဘုရားသခင်၏တန်ခိုးတော်အားဖြင့်သာ ပြုလုပ်နိုင်မည့် ဤမဟာအမှုတော်ကြီးကို ဆင် ခြင်လိမ့်မည်ဟု ရှင်ပေါလုထင်မှတ်ခဲ့ပါသည်။ သို့သော် သခင်ခရစ်တော်မိန့်တော်မူသည်မှာ ‘‘သင်ထ၍သွားလော့။ သင့်ကို တပါးအမျိုးသားများ ထိတိုင်ငါစေလွှတ်မည်’’ ဟု မိန့်တော်မူခဲ့ပါသည်။ GCB58 37.4

ယေရုရှလင်မြို့မှထွက်ခွါပြီးသည့်နောက် ရှင်ပေါလုသည် မိမိအတွေ့အကြုံများနှင့် ထက်မြက်သည့် သက် သေခံချက်များကို အခြေပြုလျှက် ဒေသအနှံ့သို့ စာများရေးသားခဲ့ပါသည်။ သို့သော်လည်း ရှင်ပေါလု၏စာများကို ဖျက်ဆီးရန် လူအချို့တို့က ကြိုးစားခဲ့ပါသည်။ ရှင်ပေါလုရေးသားခဲ့သောစာများသည် အလေးချိန်စီး၍ တန်ခိုးထက် မြက်ကြောင်း သို့သော်လည်း ရှင်ပေါလုသည် ကိုယ်ကာယအားနည်းသောသူတစ်ဦးဖြစ်ကာ အပြောကောင်းသူမဟုတ် ကြောင်း ထိုသူတို့ ဝန်ခံခဲ့ပါသည်။ GCB58 38.1

ရှင်ပေါလုသည် ဗဟုသုတဉာဏ်ပညာနှင့် ပြည့်ဝကာ တရားနာပရိသတ်ကို ဩဇာလွှမ်းမိုးနိုင်ကြောင်း၊ ကျမတွေ့ရှိခဲ့ရသည်။ သူ၏အသိပညာကြွယ်ဝမှုကို ပညာတတ်များက လေးစားခဲ့ပြီး အမြောက်အမြားတို့သည် သ ခင်ခရစ်တော်ကို ယုံကြည်လာခဲ့ပါသည်။ ရှင်ဘုရင်များနှင့် လူထုပရိသတ်ရှေ့မှောက်တွင် ဟောကြားရာ၌ ဆွဲဆောင် မှုရှိပြီးဩဇာသက်ရောက်ခဲ့ပါသည်။ ဤအချက်များကြောင့် ယဇ်ပရောဟိတ်များနှင့် အကြီးအကဲများတို့သည်အမျက် ထွက်ခဲ့ပါသည်။ အတွေးအခေါ်စဉ်းစားရာ၌ နက်နဲမှုရှိကာ ပရိသတ်များကို အပြည့်အဝ ဆွဲဆောင်လာခဲ့သည်။ ဘုရား သခင်ကျေးဇူးတော်၏ နက်နဲမှုကို မြင်တွေ့စေခဲ့ပါသည်။ သခင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်ကို ဖေါ်ကျူးနိုင်ခဲ့ သည်။ သာမန်လူတန်းစားလည်း နားလည်နိုင်ရန် လွယ်ကူစွာ ရှင်းပြနိုင်ခဲ့ပါသည်။ မိမိ၏အတွေ့အကြုံများကိုထက် မြက်စွာသက်သေခံနိုင်ခဲ့သည်။ ထို့ကြောင့် လူအမြောက်အမြားသည် သခင်ခရစ်တော်၏ တပည့်တော်ဖြစ်ရန်စိတ်ဆန္ဒ ပြင်းပြခဲ့ပါသည်။ GCB58 38.2

ရှင်ပေါလုသည် ယေရုရှလင်မြို့သို့တဖန်သွား၍ မိမိ၏နာမတော်အတွက် ချုပ်နှောင်ခြင်းခံပြီး ဒုက္ခခံရမည့် အကြောင်းဘုရားသခင်သည် မိမိလူအားဖေါ်ပြခဲ့ပါသည်။ နှစ်ရှည်ထောင်ဒဏ်အကျဉ်းအကျခံရသော်လည်း ဘုရား သခင်သည် ရှင်ပေါလုအားဖြင့် အမှုတော်ကို တိုးတက်စေခဲ့ပါသည်။ ရှင်ပေါလု၏ချုပ်နှောင်မှုသည် ဘုရားသခင်၏ သ တင်းစကားကို ကျယ်ပြန့်စေရန်နှင့် ဘုန်းတော်ထင်ရှားစေရန်အတွက် ဖြစ်ပါသည်။ တရားစီရင်ရာ၌ တစ်မြို့မှအခြား တစ်မြို့သို့စေလွှတ်ခြင်းခံရပြီး သခင်ခရစ်တော်နှင့် စိတ်ဝင်စားဖွယ်ကောင်းသည့်မိမိ၏အသက်တာပြောင်းလဲခြင်း အကြောင်းကို ရှင်ဘုရင်များနှင့် အစိုးရမင်းများကြားတွင် သက်သေခံခွင့်ရခဲ့ပါသည်။ ထိုသူတို့မှာလည်း သခင်ခရစ် တော်အကြောင်းကို ကြားသိခဲ့ရပါသည်။ လူထောင်ပေါင်းမြောက်မြားစွာသည် ကိုယ်တော်ကိုယုံကြည်၍ နာမတော်၌ ဝမ်းမြောက်ခြင်းရှိခဲ့ပါသည်။ ရှင်ပေါလု၏သင်္ဘောရေလမ်းခရီးတို့၌လည်း ဘုရားသခင်ပါရှိကြောင်း ကျမတွေ့ရှိခဲ့ရ ပါသည်။ ရှင်ပေါလုမှတစ်ဆင့် ထိုသင်္ဘောသားတို့သည် ဘုရားသခင်တန်ခိုးတော်ကိုတွေ့မြင်ခဲ့ရပါသည်။ မယုံကြည် သူတို့သည် သခင်ခရစ်တော်၏ နာမကိုကြားနာခဲ့ရပြီး ရှင်ပေါလု၏ သွန်သင်ချက်များကြောင့် လူအမြောက်အမြားတို့ ၏စိတ်နှလုံး ပြောင်းလဲခဲ့ရပါသည်။ ရှင်ပေါလုပြုလုပ်ခဲ့သော နိမိတ်လက္ခဏာများကို မိမိတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရပါ သည်။ ရှင်ဘုရင်များနှင့် အစိုးရမင်းများသည် ရှင်ပေါလု၏ တွေးခေါ်စဉ်းစားမှုများကို နှစ်သက်သဘောကျခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်၊ ပေါလု၏စိတ်ထက်သန်မှုကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ရှင်ပေါလု၏ တ ရားဟောချက်များကြောင့် သခင်ခရစ်တော်သည် သားတော်ဖြစ်ကြောင်းကို သူတို့မငြင်းဆန်နိုင်ခဲ့တော့ပါ။ စိတ်ဝင်တ စားနှင့် နားထောင်ခဲ့သောသူတို့ကြားတွင် တစ်ဦးတစ်ယောက်က ‘‘သင်သည် ဖြားယောင်းသွေးဆောင်သောအား ဖြင့်ငါသည် ခရစ်ယာန်ဖြစ်လုပြီး’’ ဟု ပြောဆိုခဲ့ပါသည်။ သို့သော်လည်း မိမိတို့၏ ကြားနာခဲ့သော တရားတော်ကို နောက်မှဆင်ခြင်မည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။ စာတန်သည် ထိုသူတို့၏ နှောင့်နှေးမှုကိုအခွင့်ကောင်းယူ၍ မိမိတို့၏ စိတ်နှလုံးနူးညံ့မှုကို ငြင်းဆန်ခဲ့သောကြောင့် နောက်ပိုင်းတွင် စိတ်နှလုံးမာကျောခက်ထန်ခဲ့ပါသည်။ တခဏအခွင့်အ ရေးကို ထာဝရဆုံးရှုံးခဲ့ရပါသည် GCB58 38.3

စာတန်၏လုပ်ဆောင်ချက်များမှာ ယုဒလူမျိုးများ၏ ဝိညာဉ်ရေးမျက်စိများကိုကန်းစေပြီး သခင်ခရစ်တော် ကိုမိမိကယ်တင်ရှင်အဖြစ် ပထမဦးဆုံး ငြင်းဆန်ရန်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကိုယ်တော်၏အံ့ဖွယ်လက္ခဏာများ ကိုမနာလိုဖြစ်ကာ သူ့အသက်ကို လုပ်ကြံရန်ဖြစ်ကြောင်း ကျမတွေ့ရှိခဲ့ရပါသည်။ စာတန်သည် သခင် ခရစ်တော် တပည့်တော်တစ်ပါး၏ စိတ်နှလုံးထဲသို့ ဝင်ရောက်ကာ ဂျူးများလက်ထဲသို့အပ်နှံ၍ သစ္စာဖေါက်စေပြီး အသက်ရှင်ခြင်း နှင့်ဘုန်းတော်၏ သခင်ကို သတ်ဖြတ်စေခဲ့ပါသည်။ သခင်ခရစ်တော်ရှင်ပြန်ထမြောက်သည့်နောက်ပိုင်းတွင် ယုဒလူ များတို့သည် မိမိတို့၏အပြစ်တစ်ခုအပေါ် တစ်ခုဆင့်လျှက် ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ငြင်းဆန်ရန် ကြိုးစားခဲ့ပါသည်။ ရောမစစ်သားများကိုလာဘ်ထိုး၍ မှားယွင်းသောသက်သေခံများ ဖြစ်စေခဲ့ပါသည်။ ကိုယ်တော်နှင့် အတူရှင်ပြန်ထမြောက်ခဲ့သော လူစုများကြောင့် သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ပို၍ခိုင်မာစေခဲ့ပါသည်။ ကိုယ်တော်သည် မိမိ၏တပည့်တော်များ ရှေ့မှောက်တွင်ကိုယ်ယောင်ပြခဲ့ပါသည်။ တစ်ချိန်တစ်ခါတွင် လူငါးရာရှေ့၌ မိမိကိုယ်ကို ထင်ရှားစေခဲ့ပါသည်။ ကိုယ်တော်နှင့်အတူထမြောက်ခဲ့သော လူစုများကလည်း အများရှေ့တွင် ထင်ပေါ် လျှက်ရှိကာ သခင်ခရစ်တော်ထမြောက်ပြီးဖြစ်ကြောင်း ကြွေးကြော်ခဲ့ပါသည်။ GCB58 39.1

ဂျူးလူမျိုးတို့သည် ဘုရားသခင်၏သားတော်ကို ငြင်းပယ်ခြင်းအားဖြင့် ဘုရားသခင်ကိုပုန်ကန်လျှက် ကိုယ် တော်ကိုသတ်ဖြတ်ခြင်းကြောင့် ကိုယ်တော်၏အလွန်သန့်ရှင်းသော အသွေးတော်သည် ထိုသူတို့၏လက်ပေါ်တွင် စွန်း ထင်းစေရန် စာတန်ပြုလုပ်ခဲ့ပါသည်။ သခင်ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ဤလောက၏ ကယ်ရှင်ဖြစ်ကြောင်းကို မည်မျှ သက်သေခံစေကာမူ ထိုသူတို့သည် ထိုသက်သေခံချက်များကို ငြင်းပယ်လျှက် ကိုယ်တော်ကို သတ်ဖြတ်ခဲ့ကြပါသည်။ ထိုသူတို့၏တစ်ခုတည်းသော ရည်မှန်းချက်မှာ စာတန်မာနကျဆုံးပြီးသကဲ့သို့ ပင်ဖြစ်ပြီး ဘုရားသခင်၏သားတော်ကိုတွန်းလှန်ရန်အတွက် ဖြစ်ပါသည်။ ဘုရားသခင်ကို ဆက်လက်ပုန်ကန်ပြီးကိုယ် တော်၏ တပည့်တော်များကိုလည်း သတ်ဖြတ်ခဲ့ပါသည်။ အသေသတ်ခြင်းခံခဲ့ရသော သခင်ခရစ်တော်၏ နာမတော် သည်ထိုသူတို့အတွက် အခါးသီးဆုံးဖြစ်ကာ ကိုယ်တော်၏ကောင်းကြောင်းကို မည်သို့မျှ နားမခံနိုင်ခဲ့ပါ။ သတေဖန် ကိုခဲနှင့်ပေါက်ရာ၌လည်း သန့်ရှင်းသောဝိညာဉ်တော်သည် သတေဖန်မှတစ်ဆင့် ဘုရားသခင်၏သားတော်ကို သက် သေခံခဲ့သောကြောင့် မိမိ၏စိတ်နှလုံး ပြောင်းလဲမည်ကိုစိုးရိမ်သဖြင့် သူတို့၏နားများကို ပိတ်ထားပါသည်။ သတေဖန် သည်ဘုရားသခင်၏ဘုန်းတော်ကို ခံရစဉ်တွင် သူ့ကိုခဲနှင့်ပေါက်၍ သတ်ခံခဲ့ရပါသည်။ သခင်ခရစ်တော် သတ်ဖြတ် ခဲ့သောသူတို့ကို စာတန်သည် မိမိ၏လက်ခုပ်၌ အမိအရဆွဲခဲ့ပါသည်။ မိမိတို့၏မိုက်မဲစွာ လုပ်ဆောင်မှုများကြောင့် စာတန်၏ ဘက်တော်သားများ ဖြစ်ခဲ့ရပါသည်။ ထိုသူများမှတစ်ဆင့် သခင်ခရစ်၏တပည့်တော်များကို နှောင့်ယှက် ဟန့်တားခဲ့ပါသည်။ သခင်ခရစ်တော်၏နာမတော်နှင့် ကိုယ်တော်ကိုယုံကြည်သောလူတို့ကို နှောင့်ယှက်စေရန် စာ တန်သည်ဂျူးများမှတစ်ဆင့် မယုံကြည်သူများကို လှုံ့ဆော်ခဲ့ပါသည်။ တပည့်တော်များတို့သည် မိမိတို့လုပ်ဆောင် လျှက်ရှိသော အမှုတော်၌ ခွန်အားရရှိပြီး မြင်တွေ့ခဲ့သောအရာများကို သက်သေခံကာ နောက်ဆုံးတွင် မိမိတို့၏သက် သေခံချက်များကို မိမိတို့၏အသွေးဖြင့် နိဂုံးချုပ်ရန် ဘုရားသခင်သည် ကောင်းကင်တမန်များကို စေလွှတ်လျှက်အား ပေးခဲ့ပါသည်။ GCB58 39.2

ဂျူးလူမျိုးတို့သည် မိမိ၏လက်ခုပ်ထဲ၌ရှိနေသောကြောင့် စာတန်ဝမ်းမြောက်ခဲ့ပါသည်။ အဓိပ္ပါယ်မရှိတော့ သည့်မိမိတို့၏ဝတ်ပြုကိုးကွယ်မှုများကို ဆက်လက်ကျင့်သုံးလျှက်ရှိနေပါသ်ည။ သခင်ခရစ်တော်သည် လက်ဝါးကပ် တိုင်၌ချိတ်ဆွဲထားခြင်းခံရစဉ် ‘‘အမှုတော်ပြီးပြီး’’ ဟုကြွေးကြော်သည်နှင့် တပြိင်နက်ထဲ ဗိမာန်တော်၌ရှိသော ကုလား ကာသည် အထက်အောက်နှစ်ခြမ်းကွဲခဲ့ပါသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် ယဇ်ပရောဟိတ်များနှင့်အ တူမရှိတော့ကြောင်း သူတို့၏ယဇ်ပူဇော်ခြင်းများ ကိုးကွယ်မှုထုံးတမ်းစဉ်လာများကို လက်ခံမည်မဟုတ်တော့ကြောင်း ယုဒလူမျိုးများနှင့် မယုံကြည်သူတို့ကြားတွင် အကာအဆီးများမရှိတော့ကြောင်း ထင်ရှားစေရန်ဖြစ်ပါသည်။ သခင် ကြောင့်ဤလူစုတို့သည် သခင်ခရစ်တော်ကို မိမိတို့၏ အပြစ်များအတွက် အသေခံသည့်သခင်နှင့် ဤလောက၏ကယ် တင်ရှင်အဖြစ် ယုံကြည်လက်ခံရမည်ဖြစ်သည်။ GCB58 39.3

လက်ဝါးကပ်တိုင်ပေါ်၌ ချိတ်ဆွဲထားခြင်းခံရစဉ် ရောမစစ်သည်တစ်ဦးသည် ကိုယ်တော်၏နံဘေးကို လှံတံ နှင့်ထိုးဖေါက်ခဲ့ပါသည်။ ထိုအခါသွေးနှင့်ရေသည် စီးထွက်ခဲ့ပါသည်။ သွေးစီးချောင်းနှင့် ရေစီးချောင်းတို့သည် သီးခြား တည်ရှိလျှက် ရှိနေပါသည်။ သခင်ခရစ်တော်၏နာမတော်ကို ယုံကြည်သောသူတို့၏အပြစ်များကို ဆေးကြောရန်သွေး တော်စီးခဲ့ရသည်။ ကိုယ်တော်ကို ယုံကြည်သောသူတို့သည် အသက်ရှင်ရမည့်အကြောင်း အသက်ရှင်သောရေကို ကိုယ်တော်၏နံဘေးမှ ယိုစီးလာသောရေဖြင့် ပုံဆောင်ပါသည်။ GCB58 40.1

ဆက်လက်လေ့လာရန်။ မဿဲ ၂၇:၅၁။ ယော ၁၉:၃၄။ တမန် ၂၄ - ၂၆။ GCB58 40.2