Great Controversy 1858

2/43

အမှာစာ။

‘‘တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်ကို၎င်း၊ နားထောင်ကြကုန်၊ သူတို့ပြောသောစကားသည် နှုတ် ကပတ်တော်နှင့်မညီလျှင် သူတို့၌ အရုဏ်မတက်သေး’’ (ဟေရှာ ၈:၂၀) GCB58 1.4

ယခု(၂၁)ရာစု၏ အတိုင်းအတာတွင် လူတိုင်းပရောဖက်များဖြစ်နေပါသည်။ အင်တာနက်တွင်လည်း ပရော ဖက်များနှင့်ပတ်သက်၍ မရှားတော့ပါ။ သို့သော်လည်းလူတချို့၏ ကြိုတင်ဟောကြားချက်များမှာ ထူးဆန်းနေပါ သည်။ ထိုသူတို့ပြောဆိုနေသည့် ဘုရားသခင်ထံတော်မှ သတင်းစကားများဟူသောအချက်များသည် ဟုတ်မှန် ကြောင်းကိုကျွန်ုပ်တို့မည်သို့ သိနိုင်မည်နည်း။ တရားတော်နှင့်သက်သေခံချက်များတို့သည် နှိုင်းယှဉ်ကြည့်မှသိရှိနိုင်ပါ သည်။ လွန်လေပြီးသော အချိန်ကာလများတွင် မိမိ၏တရားတော်ကိုလူများအား ဖေါ်ပြရေးသားစေတော်မူသည်။ ဘုရားသခင်သည် မိမိ၏ တရားတော်ကို ယခုဆန့်ကျင်မည်မဟုတ်ပါ။ GCB58 1.5

နောက်ဆုံးသောခေတ်တွင် လူသားတို့၏ယုံကြည်မှုကို ဤအနာဂတ္တိစကားများဖြင့်သာ စစ်ကြောမှုကိုသိ တော်မူသည့်အတွက် သခင်ခရစ်တော်သည် ဤအနာဂတ္တိစကားများနှင့်ပတ်သက်၍ တိုက်ရိုက်ဟောကြားတော်မူခဲ့ ပါသည်။ ‘‘မိစ္ဆာပရောဖက်များတို့သည် ပေါ်လာ၍လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။’’ (မဿဲ ၂၄:၁၁) ထပ်ဆင့် ရည်ညွှန်းရာ၌ ဘုရားသခင်သည် ရှင်ယောဟန်ကိုဤသို့ဖေါ်ပြတော်မူခဲ့ပါသည်။ ‘‘ချစ်သူတို့၊ ခပ်သိမ်းသော စိတ်ဝိ ညာဉ်တို့ကိုမယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည်မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အ ကြောင်းမူကား မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့သွားကြပြီး။’’ (၁ယော၄:၁) ဤဖော်ပြချက်များတွင် မမ ဝှိုက်ကို ချွတ်ယွင်းချက်အနေနှင့် မချန်လှပ်ထားခဲ့ပါ။ ဤစာအုပ်ကို သမ္မာကျမ်းစာနှင့် နှိုင်းယှဉ်ကြည့်ပါ။ GCB58 1.6

ယခုခေတ်တွင်မယုံကြည်နိုင်လောက်အောင် များပြားနေသော်လည်း နှစ်ဆယ်ရာစုမကုန်မီနှစ်နှစ်ခန့်အလို တိုင်အောင်ဗျာဒိတ်ရှုပါရုံရရှိသည်ဟု ဆိုသူများကို ခရစ်ယာန်အသိုင်းအဝိုင်းက မယုံကြည်မလက်ခံခဲ့ပါ။ မိမိတို့၏ရပ် တည်မှုကို (ဗျာဒိတ် ၂၂:၁၈၊၁၉) ဖြင့်သက်သေခံခဲ့ပါသည်။ ‘‘ဤစာစောင်၏ အနာဂတ္တိစကားကိုကြားသောသူအပေါင်း တို့အား ငါသက်သေခံသည်ကား အကြင်သူသည် ဤအရာတို့၌ ထပ်၍အသက်သွင်း၏။ ဤစာစောင်၌ရေးထားသော ဘေးဒဏ်တို့ကိုထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ အကြင်သူသည်ဤစာစောင်၏ အနာဂတ္တိ စကားအချို့တို့ကိုနှုတ်ပယ်၍ ဤစာစောင်နှင့်ရေးသားထားသည့်အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နှုတ်ပယ်တော်မူမည်။’’ သို့သော်ရှင်ယောဟန်ပြီးနောက်တွင် ပရောဖက်များမပေါ်ထွန်းရဆိုသည့် ကန့်သတ်ချက်သည် ဘုရားသ ခင်မိန့်တော်မူချက်ဖြစ်ပါသလား။ သို့ဖြစ်လျှင် ပရောဖက်အတုအယောင်များကိုဆန်းစစ်ရန် ရှင်ယောဟန်မှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ့်ကြောင့်မိန့်တော်မူခဲ့ပါသနည်း။ ရှင်ယောဟန်နောက်ပိုင်း ဘုရားသခင်၏ မိန့်တော်မူချက်များယူဆောင်လာသည်ဟုဆိုသူများကို လစ်လှူရှုထားင်္လျင အလွယ်ကူဆုံးဖြတ်မည်မဟုတ်လော။ သို့ သော်လည်းဘုရားသခင်သည် ထိုသို့အလိုတော်မရှိပါ။ လိုအပ်ချက်များရှိလာလျှင်ဘုရားသခင်သည် သမ္မာတရားတို့ ဖေါ်ပြတော်မူမည်။ မိမိ၏အလိုတော်ကို လူသားများအားသိစေမည်။ သမ္မတရားနှင့်ပြည့်ဝသည့်နှလုံးသည် ထိုအ ချက်ကိုလက်ခံ၍ ပျော်မွေ့ရပါလိမ့်မည်။ ဘုရားသခင်သည် စာတန်ကိုလှည့်လည်ခွင့်ပေးတော်မူပါသည်။ ထိုသို့လှုပ် ရှားခွင့်မပြုပါက စာတန်သည် ဘုရားသခင် မတရားကြောင်းစွပ်စွဲပါလိမ့်မည်။ GCB58 1.7

ဆကော(၁၂)တွင် ရှင်ပေါလုမှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်သည် အလွန်အရေးကြီးပြီး ကျွန်ုပ်တို့လျစ် လျှူရှုတတ်သည့် မေးခွန်းအချို့ကို မေးထားတော်မူပါသည်။ ရှိသမျှသည် တမန်တော်များဖြစ်ကြသလား၊ ရှိသမျှတို့ သည်ပရောဖက်များ ဖြစ်ကြပါသလား။ ရှိသမျှတို့သည် တန်ခိုးကိုပြနိုင်ကြပါသလား။ ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေသောအခွင့်ရှိကြပါသလား။ ရှိသမျှတို့သည် အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်ကြသလား။ ထို့နောက် ကျွန်ုပ်တို့ကိုသာ၍ မြတ်သောလမ်းကိုပြဦးမည်ဟု မိန့်တော်မူပါသည်။ ထိုဆုကျေးဇူးများသည် မေတ္တာမရှိပါကအ ချည်းနှီးသက်သက်သာဖြစ်ကြောင်း မိန့်တော်မူပါသည်။ အခန်းကြီး(၁၄)တွင် တစ်ဆင့်တက်၍ ‘‘ချစ်ခြင်းမေတ္တာကို မှီအောင်လိုက်ကြလော့။ ဝိညာဉ်တော်ဆုကျေးဇူးတို့ကို အလွန်အလိုရှိသည်တွင် ပရောဖက်ပြုသည့် အမှုအခွင့်ကိုသာ ၍လိုချင်သောစိတ် ရှိကြလော့’’ဟု မိန့်တော်မူပါသည်။ ‘‘ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။ ပရောဖက်ပြုခြင်း ကိုမထီမဲ့မြင်မမှတ်ကြနှင့်။ ခပ်သိမ်းသောအရာတို့ကိုစုံစမ်း၍ ကောင်းသောအရာကိုအမြဲကိုင်စွဲကြလော့’’။ (၁သက် ၅:၁၉-၂၁) GCB58 2.1

ဤအကောင်းနှင့်အဆိုးတိုက်လှန်ပွဲရူပါရုံကို (၁၈၅၈)ခုနှစ် ဆောင်းဦးကာလအမေရိကန်နိုင်ငံ အိုဟိုက်ယို ပြည်နယ်လိုပယ်တိုဟူသောနေရာ၌ မမဝှိုက်ရရှိခဲ့ပါသည်။ စာတန်သည် သူမကိုအမျိုးမျိုး နှောင့်ယှက်မည်ဖြစ်သော် လည်းမိမိတွေ့မြင်သမျှကိုလက်ရေးနှင့်သူမကို ဘုရားသခင်မှတ်သားထားခိုင်းတော်မူပါသည်။ ဤရူပါရုံ၏အများစု ကိုသူမသည် ၎င်းမတိုင်မှီလွန်ခဲ့သည့်(၁၁)နှစ်က မြင်မက်ခဲ့ပါသည်။ ဤစာအုပ်ကိုအစိတ်အပိုင်းအချို့ အထူးသဖြင့် အခန်း(၃၀)ကို(၁၈၄၇)ခုထုတ် Litter Flock တွင်၎င်း၊ (၁၈၅၁)ခု Supplement စာအုပ်တွင်၎င်း ပုံနှိပ်ခဲ့သော်လည်း (၁၈၅၈)ခုနှစ်တွင် အလွန်အားနည်းနေပြီး ဘုရားကိုကြောက်ရွံ့သည့် ဤအမျိုးသမီးသည်ဝိညာဉ်တော်၏ဦးဆောင် မှုအောက်၌ ရေးသားထုတ်ဝေခဲ့ပါသည်။ ထိုအချိန်အခါတွင်စာတန်သည် သမ္မာကျမ်းစာကိုဖျက်ဆီးရန် အမျိုးမျိုးကြိုး စားနေပြီးဖေါက်ပြန်သည့်ကျမ်းစာအနက်ပြန်ဆိုမှုအမျိုးမျိုးဖြင့်လွှမ်းမိုးရန်ကြိုးစားခဲ့ပါသည်။တဆက်တည်း၌ဤကမ္ဘာ ပေါ်တွင် ဒုတိယတန်ဖိုးအကြီးဆုံးဖြစ်သည့် ဤအကောင်းနှင့်အဆိုးတိုက်လှန်ပွဲကြီးစာအုပ်ကိုလည်း ဖျက်ဆီးရန် စာတန်အမျိုးမျိုးကြိုးစားခဲ့ပါသည်။ သို့သော်လည်းဘုရားသခင်သည် မိမိ၏သတင်းစကားကိုကွယ်ကာတော်မူခဲ့ပါ သည်။ GCB58 2.2

ယနေ့ကမ္ဘာပေါ်တွင်စစ်မက်များ၊ရာဇဝတ်မှုများ၊ လူမှုရေးဖေါက်ပြန်မှုများ၊ စသည့်ပြဿနာများနှင့် ပြည့်နှက် နေကြောင်းကို မေးခွန်းထုတ်သူများစွာရှိနေပါသည်။ သို့သော်လည်း ဤအဖြေကိုသိရှိနိုင်ရန်အတွက် လူသားများမ ပေါ်ထွန်းမီကပင်ရှိနှင့်နေသည့် သခင်ခရစ်တော်နှင့်စာတန်တို့စပ်ကြား စစ်တိုက်ခဲ့တော်မူသည်။ အကောင်းနှင့်အ ဆိုးတိုက်လှန်ပွဲကြီးကို ဖတ်ကြားပါက ဤမေးခွန်းများ၏အခြေခံအဖြေများကို ရရှိပါလိမ့်မည်။ GCB58 2.3

ဘုရားသခင်နှုတ်ကပတ်တော်တည်းဟူသော သမ္မာကျမ်းစာကိုအခြေပြု၍ ဤစာအုပ်၌ရေးသားထားသည့် အရာများကိုသက်သေထူရာ၌ သင်စာဖတ်သူအပေါ်တွင်ဘုရားသခင်၏ ကျေးဇူးတော်များသွန်းလောင်းခြင်းခံရပါ စေသော်။ GCB58 2.4