မျက်မှောက်ကာလ မှ ထာဝရကာလသို့

230/249

ကြောခြင်းခံရသောအပြစ်များ

စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခရောက်နေသည့် ဒုက္ခဆင်းရဲခြင်းကာလတွင် အပြစ်ဝန်ချတောင်းပန်ခြင်းမပြုရသေးသည့်အပြစ်များရှိနေသေးလျှင် ဘုရား၏ သားသမီးများသည် ဒုက္ခရောက်ကြတော့မည်ဖြစ်သည်။ စိတ်ပျက်အားငယ်နေ မှုကြောင့် သူတို့သည် ယုံကြည်ခြင်းအားနည်းနေကာ လွတ်မြောက်ဖို့ကူညီရန် ထာဝရဘုရားထံတော်တွင် မတောင်းခံကြတော့ချေ။ သို့ရာတွင် သူတို့၌ ဖော်ပြရန် ဖုံးကွယ်ထားသည့်အမှားအယွင်းများမရှိကြချေ။ အပြစ်များကို တရားစီရင်ခြင်းမတိုင်မီ တင်ကြိုဖော်ပြတောင်းပန်ခဲ့သဖြင့် အပြစ်လွှတ်ခြင်း အခွင့်ကို ရရှိခဲ့ပြီးဖြစ်ရာ ထိုအပြစ်များကိုပင် သူတို့သတိမရကြတော့ချေ။ HFB 676.3

ထာဝရဘုရားသည် အပြစ်ဒုစရိုက်ကို မည်သည့်နည်းနှင့်မျှ သည်းခံတော်မူမည်မဟုတ်ကြောင်းကို ယာကုပ်နှင့်ဆက်ဆံရာတွင် ဖော်ပြ ထားတော်မူပါသည်။ ကျူးလွန်ခဲ့သည့်အပြစ်များကို ဆင်ခြေဆင်လက်များဖြင့် ဖုံးဖိထားသူများနှင့် ဝန်ချတောင်းပန်ခြင်းမပြုသူအပေါင်းတို့သည် စာတန်၏ တိုက်ခိုက်မှုအောက်တွင် အရှုံးနှင့်ရင်ဆိုင်ကြရလိမ့်မည်။ ပို၍မြင့်မြတ်သော ရာထူးအဆင့်များကို ကိုင်စွဲထားလေလေ စာတန်က ၎င်းတို့အပေါ်အောင်ပွဲ ဆင်ဖို့ ပို၍သေချာလေလေဖြစ်ပါသည်။ HFB 677.1

ထာဝရဘုရားသည် နောင်တရ၍ မိမိထံသို့ပြန်လာသည့် အပြစ်သား များကို မည်သည့်အခါမျှ နှင်ထုတ်တော်မူမည်မဟုတ်ကြောင်းကို ယာကုပ်၏ အဖြစ်အပျက်က အာမခံချက်ပေးနေပါသည်။ ဒုက္ခဆင်းရဲခြင်းကာလတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို နှစ်သိမ့်မှုပေးရန်အတွက်ပင် ကောင်းကင်တမန် များကို ကိုယ်တော်စေလွှတ်တော်မူလိမ့်မည်။ ဘုရားသခင်၏ မျက်ဝန်းတော်သည် သားသမီးများအပေါ်တွင် အစဉ်ကြည့်ရှုလျက်ရှိနေရာ မီးလျှံများသည် ထိုသူများအားလောင်ကျွမ်းတော့မယောင်ဖြစ်နေသော်လည်း ချေးချွတ်ပြီးသောရွှေများပမာ ၎င်းတို့အား မီးလျှံများထဲမှ ထာဝရဘုရား ယူဆောင်သွားတော်မူလိမ့်မည်။ HFB 677.2