အသင်းတော်အတွက သြဝါဒများ။ II

66/197

အခန်း ၄၂။—ဝေဖန်ခြင်း နှင့် ၎င်း၏ အကျိုးအပြစ်။

ခရစ်ယာန်တို့သည် မိမိတို့ ပြောဆိုသော စကားများကို အထူး သတိပြုရမည်။ အထူးသဖြင့် မိတ်ဆွေ နှစ်ဦးသည် မသင့်မတင့် ဖြစ်နေသည်ကို သိရလျှင်၊ မိတ်ဆွေ တစ်ဦးထံမှ အခြား တစ်ဦးသို့ မနှစ်သက်ဖွယ် သတင်းတို့ကို ဘယ်အခါမျှ ယူဆောင်မသွားသင့်ပေ။ သင်သည် ဤ မိတ်ဆွေ သို့မဟုတ် အခြားသူများ မသိသော ထို အသိအကျွမ်းတို့ အကြောင်း များစွာ သိရှိသကဲ့သို့ စောင်းပါးရိပ်ခေျ ပြောဆိုခြင်း အမှုသည် အလွန် ရိုင်းစိုင်း၏။ ထိုသို့ စောင်းပြောသော စကားများသည် တစ်ဆင့် တစ်ဆင့် ကားသွားသဖြင့် မူလ စကားထက် သာ၍ မနှစ်သက်ဖွယ် အကြောင်းများကို ဖြစ်စေ၏။ ဤ အရာများအားဖြင့် သခင်ခရစ်တော်၏ အသင်းတော်သည် မည်ကဲ့သို့သော ဘေးဥပဒ်များကို မခံစားဘဲ နေခဲ့ရပြီလဲ။ အသင်းတော်သားတို့၏ မချုပ်တည်း မတားမြစ်နိုင်သော အလေ့အကျင့်တို့အားဖြင့် အသင်းတော်အား ရေကဲ့သို့ အားနည်းသွားစေ၏။ အသင်းတော် တစ်ခုတည်းမှ အသင်းသားတို့တွင် တစ်ဦးကို တစ်ဦး ယုံကြည် အားထားမှု ကင်းမဲ့လာ၏။ သို့ရာတွင် အပြစ်သင့်သော သူသည် နစ်နာစေသော မကောင်းမှုကို ပြုရန် မကြံစည်ပါ။ စကားပြောဆိုနေကြသော အကြောင်းအရာကို ရွေးချယ်ရာ၌ သတိပညာ ချွတ်ယွင်းခြင်း အမှုသည် များစွာသော ဘေးဥပဒ်ကို ဖြစ်စေလေပြီ။ CCB2 131.1

ပြောဆိုသော စကားများသည် ဝိညာဉ်ရေး ဘုရားတရားရေးများ ဖြစ်အပ်သည်။ သို့ရာတွင် ထိုသို့ မဟုတ်။ ခရစ်ယာန် မိတ်ဆွေများ နှင့် ပေါင်းသင်း ဆက်ဆံသောအခါ စိတ်သဘော နှင့် နှလုံးကို တိုးတက် ကောင်းမွန်လာအောင် အထူးသဖြင့် ပြုမူ အရေးယူကြလျက်၊ နောင် ဝမ်းနည်းစရာ အကြောင်းများ ဖြစ်ပေါ်လာမည် မဟုတ်။ ၎င်းပြင် သူတို့သည် တွေ့ဆုံ ဆွေးနွေးခဲ့သော အကြောင်းကို ပြန်၍ ကြည့်သောအခါ နှစ်သက် စိတ်ကျေနပ်ဖွယ် တွေ့မြင်ရလိမ့်မည်။ သို့ရာတွင် အချိန်ကို ပေါ့ပျက်သော စကား၊ အချည်းနှီးသော စကားတို့ဖြင့် ကုန်လွန်စေ၍ အဖိုးတန်သော အချိန်ကို အခြားသော သူတို့၏ အသက် တာ နှင့် အကျင့်စာရိတ္တတို့ကို ဝေဖန် အတင်းပြောခြင်းဖြင့် အသုံးပြုလျှင်၊ မိတ်ဆွေ အဖြစ် ဆက်ဆံခြင်း အမှုသည် မကောင်းသော အမှုကို အစပြုသော အရာ အဖြစ် ထင်ရှားလာ၍ သင်၏ သြဇာညောင်းမှုသည် သေခြင်းတိုင်အောင် သေခြင်း၏ အမွှေးအကြိုင် ဖြစ်လာလိမ့်မည်။1 CCB2 131.2