အသင်းတော်အတွက သြဝါဒများ။ II

60/197

အခန်း ၄၀။—ဖတ်စရာများကို ရွေးချယ်ခြင်း။

ပညာသင်ကြားခြင်း အမှုသည် ကိုယ်ကာယ ခွန်အား၊ ဉာဏ်ခွန်အား နှင့် ဝိညာဉ် ခွန်အားတို့အား အသက်တာ၏ တာဝန် အပေါင်းတို့ကို အကောင်းဆုံး ပြုလုပ် ဆောင်ရွက်ဖို့အတွက် ပြင်ဆင်ပေးခြင်း ဖြစ်သည်။ ခံနိုင်ရည် သတ္တိများ နှင့် ဦးနှောက်၏ အင်အား နှင့် လှုပ်ရှားမှုတို့သည် ၎င်းတို့ကို အသုံးပြုနည်းအတိုင်း ယုတ်လျော့သွားကြသည် သို့မဟုတ် တိုးပွားလာကြသည်။ စိတ်၏ သတ္တိ တန်ခိုး အပေါင်းသည် အချိုးအစား ညီမျှစွာ တိုးတက်လာကြမည် အကြောင်း၊ စိတ်ကို စည်းကမ်းကျနစွာ လေ့ကျင့်ဆုံးမပေးရမည်။ CCB2 120.1

လူငယ် အများသည် စာပေများကို စိတ်အားကြီးစွာ ဖတ်တတ်ကြသည်။ မိမိတို့ ရနိုင်သမျှတို့ကို သူတို့သည် ဖတ်ရှုလိုကြသည်။ သူတို့သည် ဘယ်အရာကို ကြားရကြ၍ ဘယ်အရာကို ဖတ်ရှုကြသည်ကို သတိပြုကြပါစေ။ သူတို့သည် မသင့်တော်သော စာပေများကို ဖတ်ရှုကြခြင်းဖြင့် ပျက်စီးခြင်း ဘေးဒုက္ခကြီး နှင့် ကြုံတွေ့နေရကြသည်ကို ကျွန်ုပ်အား ညွှန်ပြထားခဲ့လေပြီ။ စာတန်သည် ပျိုရွယ်သူတို့၏ စိတ်ကို ယိုယွင်းစေခြင်းငှါ ထောင်ပေါင်းများစွာသော နည်းတို့ကို အသုံးပြု၏။ သူတို့သည် အချိန် အနည်းငယ်မျှ ဘေးကင်းစွာ သတိမမူဘဲ မနေနိုင်။ သူတို့သည် ရန်သူ၏ သွေးဆောင်ခြင်းသို့ ပါမသွားနိုင်မည် အကြောင်း မိမိတို့၏ စိတ်ကို ကောင်းစွာ စောင့်ရှောက် ကာကွယ်ရကြမည်။1 CCB2 120.2