အသင်းတော်အတွက သြဝါဒများ။ II

58/197

အခန်း ၃၉။—ကွယ်ကာထားအပ်သော စိတ်၏ အဝင်ဝများ။

လူအပေါင်းတို့သည် အာရုံများကို ကာကွယ် စောင့်ရှောက်ထားရမည်၊ သို့မဟုတ် စာတန်သည် ၎င်းတို့ကို အောင်မြင်သွားလိမ့်မည်။ အကြောင်းကား ဤ အရာတို့သည် စိတ်ဝိညာဉ်ထဲသို့ ဝင်ရန် တံခါးဝများ ဖြစ်ကြ၏။ CCB2 117.1

သင်သည် သင်၏ စိတ်ကို အုပ်စိုး၍ သင်၏ ဝိညာဉ်ကို ညစ်ညူးစေခြင်းမှ ကာကွယ်ရန် အချည်းနှီး ဖြစ်၍ ပျက်စီးစေသော အကြံအစည်များကို တားဆီးထားလျှင်၊ သင်သည် သင်၏ မျက်စိ၊ နား နှင့် အာရုံများအတွက် သစ္စာရှိသော ကင်းစောင့် ဖြစ်လာလိမ့်မည်။ ကျေးဇူးတော် တန်ခိုးသာလျှင် အလွန် အလိုရှိသော ဤ လုပ်ငန်းကို ဖြစ်မြောက်စေနိုင်လိမ့်မည်။ CCB2 117.2

သတိပေး နှိုးဆော်သော စကားများ၊ ဆုံးမသွန်သင်သော စကားကို မကြားစေမည် အကြောင်း၊ စာတန် နှင့် သူ၏ တမန်တို့သည် အာရုံများကို ထုံထိုင်းသော အခြေအနေသို့ ရောက်စေရန် အလွန် အလုပ်များလျက် ရှိကြသည်။ သို့မဟုတ် ၎င်းစကားများကို ကြားခဲ့သော်၊ စိတ်နှလုံးထဲ၌ စွဲမြဲ၍ အသက်တာကို ပြုပြင်ခြင်း မပြုစေရန် ပြုလုပ်ကြ၏။ CCB2 117.3