အသင်းတော်အတွက သြဝါဒများ။ II

45/197

အခန်း ၃၆။—အိမ်ထောင်၏ ငွေကြေးကိစ္စ။

မိမိ၏ လူများသည် ဆင်ခြင်စဉ်းစားတတ်၍ သတိရှိတတ်ဖို့ အလိုရှိတော်မူ၏။ သူတို့သည် အရာရာတွင် ချွေတာသုံးစွဲ၍ အချည်းနှီး မဖြုန်းတီးစေခြင်းငှါ အလိုရှိတော်မူ၏။ CCB2 90.1

သင်သည် ဘယ်သောအခါ ချွေတာ၍ ဘယ်အခါ သုံးရမည်ကို သိရှိနားလည်ရမည်။ ကျွန်ုပ်တို့သည် ကိုယ်ကို ငြင်းပယ်၍ လက်ဝါးကပ်တိုင်ကို မထမ်းလျှင် သခင်ခရစ်တော်၏ တပည့်တော် မဖြစ်နိုင်။ ကျွန်ုပ်တို့သည် သွားစဉ်၊ ဖြောင့်မတ်စွာ အပြည့်ပေးရမည်။ ကျကျန်ခဲ့သော ချုပ်ရိုးများကို စုဆောင်းပါ။ ဖွာနေသော အနားများကို လုံး၍ ချုပ်ထားပါ။ ၎င်းပြင် သင်၏ ဥစ္စာဟု ခေါ်နိုင်သော အရာကို သိရှိပါစေ။ သင့် အလိုပြည့်စုံစေရန် သုံးခဲ့သော အနည်းငယ်သော ငွေကလေးများကို ပြန်၍ တွက်ကြည့်ရမည်။ သင့် စိတ်ကြိုက် အသုံးပြုသော အရာများနှင့် အပျော်ကျူးသော သဘောဖြင့် အလွဲ စားသောက်သော အရာများသည် အဘယ်အရာများ ဖြစ်သည်ကို သင်သည် သိမြင်နားလည်ရမည်။ အသုံးမဝင်သော နှစ်သက်ဖွယ်ရာများအတွက် ကုန်ကျရသော ငွေကို သင့် အိမ်ထောင်၌ သက်သာ ပြည့်စုံစေရန် အကယ် လိုအပ်သော အရာများကို ဝယ်ရန် စုဆောင်းထားနိုင်သည်။ သင်သည် စေးနဲသော သူ မဖြစ်ရ။ သင်သည် သင့် ကိုယ်တိုင် နှင့် သင်၏ ညီအစ်ကို မောင်နှမများ အပေါ်၌ ဖြောင့်မတ်ရိုးသားခြင်း ရှိပါ။ စေးနဲခြင်းသည် ဘုရားသခင်၏ ရက်ရောစွာ ပေးကမ်းမှုကို စော်ကားခြင်း ဖြစ်၏။ ဖြုန်းတီးခြင်းသည်လည်း မသင့်တော်သော သုံးစွဲခြင်း ဖြစ်၏။ ဖော်ပြနေဖို့ မသင့်ဟု ထင်မြင်ရသော အသုံးအစွဲကလေးများသည် အဆုံး၌ အတော်အတန် များသော ငွေ ဖြစ်ပေသည်။ CCB2 90.2

အတိုအစကလေးများကို ဝယ်လိုသော စိတ် ဖြစ်ပေါ်လာသောအခါ၊ ကျဆုံးသော လူကို ကယ်ရန် သခင်ခရစ်တော်သည် ကိုယ်ကို ငြင်းပယ်၍ ကိုယ်ကို ဆက်ကပ်ပူဇော်ခဲ့ကြောင်းကို သတိရပါ။ ကျွန်ုပ်တို့၏ သားသမီးများအား ကိုယ်ကို ငြင်းပယ်၍ ကိုယ်ကို ချုပ်တည်းနိုင်ဖို့ရန် သင်ကြားပေးရမည်။ ငွေ ကြေးကိစ္စတွင် ကြပ်တည်းခြင်း ကြုံနေရသည်ဟု အများသော တရားဟော ဆရာတို့က ထင်မှတ်နေရခြင်း၏ အကြောင်းရင်းမှာ သူတို့သည် မိမိတို့၏ ဝါသနာ၊ အစားအစာ၌ တပ်မက်ခြင်း၊ အလိုဆန္ဒတို့ကို မချုပ်တည်းခြင်းကြောင့် ဖြစ်သည်။ အများသော သူတို့သည် ဥစ္စာပစ္စည်း ဆုံးပါးခြင်း နှင့် အလွဲသုံးစား ပြုလုပ်ခြင်းမှာ ဇနီး နှင့် သားသမီးတို့၏ အသုံးအစွဲ ကြီးခြင်း အမှုကို လိုက်လျောခြင်းကြောင့် ဖြစ်သည်။ အကျင့်သီလ နှင့် ပုံသက်သေအားဖြင့် မိမိတို့၏ သားသမီးများအား ချွေတာဖို့ သွန်သင်ပေးရန် မိဘများတို့သည် မည်မျှ သတိပြုအပ်သနည်း။ CCB2 90.3

ကြွယ်ဝချမ်းသာ ဟန်ဆောင်ခြင်း၊ ကိုယ့် အခြေအနေထက် မြင့်မြတ်ဟန်ဆောင်ခြင်းသည် များစွာ မသင့်တော်ချ။ ကျွန်ုပ်တို့သည် နူးညံ့နှိမ့်ချသော ကယ်တင်ရှင်၏ တပည့်တော်များ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် လိုက်နာပြုလုပ်ဖို့ အခွင့် မရသော နည်းမျိုးဖြင့် အိမ်နီးချင်းတို့သည် အိမ်ကို ဆောက်၍ ပြုပြင်မွမ်းမံကြလျှင် ကျွန်ုပ်တို့သည် စိတ်မပျက်ရကြ။ ဧည့်သည်များအား နှစ်သက်သဘောကျစေရန်၊ သို့မဟုတ် ကိုယ့် အလိုဆန္ဒ ပြည့်စုံစေရန် အစားအသောက်များကို အလွန် အရသာရှိစွာ ကိုယ်ကျိုးအတွက် ပြုပြင် စီမံခြင်း အမှုကို သခင်ယေရှုသည် မည်ကဲ့သို့ သဘောထားတော်မူသနည်း။ ခမ်းနားစွာ ပြုပြင်မွမ်းမံခြင်း သို့မဟုတ် မိမိတို့ လက်အောက်တွင် ရှိနေသေးသော သားသမီးတို့အား ထိုသို့ ပြုရန် အခွင့်ပေးခြင်းသည် သွေးဆောင်ခြင်း အမှု တစ်ခု ဖြစ်သည်။1 CCB2 91.1

အသုံးချနိုင်သော အရာ ရှိသမျှကို လွှင့်မပစ်ရ။ ဤသို့ ပြုရန် ဉာဏ်ပညာ၊ မျှော်မြင်ခြင်းနှင့် အမြဲ ဂရုစိုက် သတိပြုခြင်း ရှိဖို့ လိုပေသည်။ သေးငယ်သော အရာများကို မစုဆောင်းတတ်သော သဘောကြောင့် အများသော အိမ်ထောင်၌ အသက်တာ၏ လိုအပ်သော အရာများ ချို့ယွင်းနေတတ်သည်ကို ကျွန်ုပ်အား ဖော်ပြထား၏။2 CCB2 91.2