အသင်းတော်အတွက သြဝါဒများ။ II

29/197

အခန်း ၃၂။—မိခင် နှင့် သားသမီး။

ဇနီး နှင့် မိခင် ဖြစ်သော သူသည် အိမ်ထောင် ထိန်းသိမ်းမှုကို ပင်ပန်းစွာ လုပ်ဆောင်နေရသူသာ ဖြစ်ရမည် အစား၊ သူမသည် စာဖတ်၍ ကိုယ်တိုင် ဗဟုသုတ ကြွယ်ဝသော သူ ဖြစ်၍ မိမိ၏ ခင်ပွန်းအတွက် အဖော် ဖြစ်လျက် စိတ်ဉာဏ် တိုးတက်နေသော သားသမီးများနှင့် ရင်းနှီးစွာ ဆက်သွယ်လျက် ရှိရမည်။ မိမိ ချစ်ခင်သော သားသမီးများအား သာ၍ မြင့်မြတ်သော အသက်တာကို ရရှိစေရန် စွမ်းဆောင်ပေးနိုင်သော အခွင့်အရေးကို ယခု သတိပညာနှင့် အသုံးပြုရမည်။ ချစ်ခင်သော ကယ်တင်ရှင်ကို မိမိ၏ နေ့စဉ် အဖော် နှင့် ကျွမ်းကျင်သော မိတ်ဆွေ အဖြစ် အချိန်ယူလျက် ဆက်ဆံရမည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို အချိန်ယူလျက် လေ့ကျက်၍ လယ်ပြင်ထဲသို့ သားသမီးတို့ နှင့်အတူ သွား၍ ဖန်ဆင်းထားသော လှပသော အရာများအားဖြင့် ဘုရားသခင် အကြောင်းကို လေ့လာရမည်။ CCB2 60.1

သူမသည် စိတ်ပျော်ရွှင် အားရခြင်း ရှိရမည်။ အချိန် ရှိသမျှ အဝတ်ချုပ်နေရမည် အစား ညနေ အချိန် နေ့အလုပ် ပြီးသောအခါ၊ အိမ်ထောင်သားများနှင့် ပေါင်းသင်းဆက်ဆံရမည်။ ထိုသို့အားဖြင့် အများသော ယောက်ျားတို့သည် အသင်း၏ ကလပ်များ သို့မဟုတ် အရက်ဆိုင်များထက် အိမ်ထောင် အဖွဲ့အစည်းကို နှစ်သက် ရွေးချယ်လာကြလိမ့်မည်။ အများသော ယောက်ျားကလေးတို့သည် လမ်းမ သို့မဟုတ် အချိုအချဉ်ရောင်းဆိုင်တို့ကို ရှောင်ကြဉ်ကြလိမ့်မည်၊ အများသော မိန်းမကလေးများတို့သည် ညံ့ဖျင်း၍ လမ်းမှားသော အဖွဲ့အစည်းတို့မှ ကယ်ဆယ်ခြင်း ခံရကြလိမ့်မည်။ အိမ်ထောင်၏ သြဇာသည် ဘုရားသခင် စီမံထားသည် အတိုင်း မိဘ နှင့် သားသမီးတို့အတွက် တစ်သက်တာ၏ ကောင်းကြီးမင်္ဂလာ ဖြစ်လာရမည်။ CCB2 60.2

ဇနီးသည် မိမိ သဘောအတိုင်း မပြုအပ်ဘူးလား ဟူသော ပြဿနာကို မေးတတ်ကြသည်။ ခင်ပွန်းသည် အိမ်ထောင်၏ ဦးခေါင်း ဖြစ်ရမည်ဟု ကျမ်းစာက သေချာစွာ ဖော်ပြထားပါသည်။ “ဇနီးတို့၊ သင်တို့ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။” ဤ ဆုံးမစကားကို ဤမျှလောက်သာ ဖော်ပြထား လျှင် ဇနီး၏ အခြေအနေမှာ မနာလိုစရာ မဟုတ်ဟု ကျွန်ုပ်တို့ ပြောဆိုနိုင်သည်။ သို့ရာတွင် ဆုံးမစကားတွင် “သခင်ဘုရား၌ လျောက်ပတ်သည် အတိုင်း” ဟု ဖော်ပြထားသေးသည်ကို ကျွန်ုပ်တို့ ဖတ်ကြည့်ကြလိမ့်မည်။ CCB2 60.3

ကျွန်ုပ်တို့၌ ဘုရားသခင်၏ ဝိညာဉ်တော် ရှိရမည်။ သို့မဟုတ် ကျွန်ုပ်တို့သည် အိမ်ထောင်၌ ညီညွတ်ခြင်းကို ဘယ်အခါမျှ မရရှိနိုင်။ ဇနီးတွင် သခင်ခရစ်တော်၏ သဘောမျိုး ရှိလျှင်၊ သူမသည် မိမိ၏ အပြောအဆိုတွင် သတိထားလိမ့်မည်။ သူမသည် မိမိ၏ စိတ်သဘောကို အုပ်စိုးထား၍ အုပ်စိုးခြင်းကို ဝန်ခံသော်လည်း၊ သူမသည် ကျွန် ဖြစ်သည်ဟု မထင်မှတ်ဘဲ၊ ခင်ပွန်း၏ အဖော် ဖြစ်သည်ဟု ထင်မှတ်လိမ့်မည်။ ခင်ပွန်းသည် ဘုရားသခင်၏ ကျွန် ဖြစ်လျှင်၊ သူသည် မိမိ၏ ဇနီး အပေါ်၌ အစိုးတရ မပြုဘဲ နေလိမ့်မည်။ သူသည် အဓမ္မ အတင်းအကြပ် ပြုလုပ်လိမ့်မည် မဟုတ်။ ကျွန်ုပ်တို့သည် အလွန်အမင် စိုးရိမ် ပူပန်ခြင်းဖြင့် အိမ်ထောင်၌ တည်ရှိလျှင်၊ ၎င်းအိမ်ထောင်သည် ကောင်းကင် အိမ်ထောင်မျိုး ဖြစ်၏။ တစ်စုံတစ်ယောက်သည် မှားယွင်းလျှင်၊ အခြား သူတို့သည် သခင်ခရစ်တော်ကဲ့သို့ သည်းခံခြင်း ရှိကြလျက် စိမ်းကားစွာ သဘောထားကြမည် မဟုတ်။ 1 CCB2 61.1