အသင်းတော်အတွက သြဝါဒများ။ II

118/197

စားသောက်ချိန် မှန်ခြင်း။

စားမြဲအစာကို စားပြီးသောအခါ အစာအိမ်ကို ငါးနာရီကြာ အနားယူစေရမည်။ နောက် အစာ စားချိန်အထိ အစာ အနည်းငယ်မျှ အစာအိမ်ထဲသို့ မသွင်းရ။ ဤ ကြားအချိန်တွင် အစာအိမ်သည် မိမိ၏ လုပ်ငန်းကို ဆောင် ရွက်နေလိမ့်မည်။ ထိုနောက်မှ အစာအိမ်သည် အစာများကို ပိုမို လက်ခံနိုင်သော အခြေအနေ၌ ရှိနေရလိမ့်မည်။17 CCB2 240.3

အစာ စားချိန် မှန်ကန်ဖို့ အထူး သတိပြုရမည်၊ အစားချိန်များ ကြားတွင် ဘယ်အရာကိုမျှ မစားရ။ ချောကလက်၊ သကြားလုံး၊ မြေပဲ၊ သစ်ကြားသီးမှ စသော အဆီထုတ်ယူရသော အသီး၊ သစ်သီးများ သို့မဟုတ် အစာ တစ်စုံတစ်မျိုးကိုမျှ မစားရ။ အစားအသောက် မမှန်ကန်ခြင်းဖြင့် အစာကြေစေသော အင်္ဂါ အစိတ်အပိုင်းတို့၏ ကျန်းမာသော အခြေအနေကို ပျက်စီးစေသဖြင့် ကိုယ်ခန္ဓာ ကျန်းမာရေး ပျော်ရွှင်ရေးတို့ကို ပျက်စီးစေ၏။ ကလေးသူငယ်တို့သည် ထမင်းစားပွဲသို့ ရောက်လာသောအခါ၊ သင့်တော် ကျန်းမာစေသော အစားအသောက်ကို စာချင်သောစိတ်မရှိကြ။ သူတို့အား ဒုက္ခရောက်စေတတ်သော အစာကိုသာ သူတို့၏ ခံတွင်းက တောင့်တနေ၏။18 CCB2 241.1

ကျွန်ုပ်တို့သည် အိပ်ပျော်နေကြသောအခါ၊ အစာအိမ်သည် မိမိ၏ လုပ်ငန်း အားလုံးကို ပြုလုပ် ပြီးစီးရမည်။ ထိုနည်းအားဖြင့် ၎င်း နှင့်အတူ ကိုယ်ကာယ၏ အခြားသော အင်္ဂါ အစိတ်အပိုင်းတို့သည် အားလပ်ခွင့်ကို ခံစားရကြမည် အကြောင်းတည်း။ ထိုင်၍ အလုပ် လုပ်ရသော သူအတွက် ညနက်မှ စားသော ညစာသည် အထူးသဖြင့် ဘေးဖြစ်စေတတ်သည်။ CCB2 241.2

နေ့အခါတွင် အစာကြေစေသော အင်္ဂါ အစိတ်အပိုင်းတို့သည် အလွန် ပင်ပန်းစွာ လုပ်ကိုင်နေရခဲ့ကြသည် အတွက်ကြောင့်၊ အများသော သူတို့၌ ပင်ပန်းနွမ်းယိသော လက္ခဏာ ဖြစ်ပေါ်လာလျက် အစာ စားချင်သော ဆန္ဒ ဖြစ်ပေါ်လာတတ်ကြ၏။ တစ်ခါ အစာ စားပြီးသောအခါ၊ အစာကြေစေသော အင်္ဂါ အစိတ်အပိုင်းတို့သည် အနားယူရကြမည်။ ထမင်းစားချိန်များ ကြားတွင် အနည်းဆုံး ငါးနာရီ ခြောက်နာရီကြာ အနားပေးရမည်။ ဤ စီမံကိန်းကို စမ်းသပ်ကြည့်သော သူများသည် တစ်နေ့လျှင် သုံးကြိမ်ထက် နှစ်ကြိမ် ထမင်းစားခြင်းသည် သာ၍ အကျိုးဖြစ်ထွန်းသည်ကို တွေ့ရှိရကြသည်။19 CCB2 241.3

တစ်နေ့ နှစ်ကြိမ်သာ ထမင်းစားခြင်းသည် အကျင့်သည် အများအားဖြင့် ကျန်းမာရေးတွင် အကျိုး ဖြစ်ထွန်းကြောင်း တွေ့ရှိရသည်။ သို့ရာတွင် အချို့သော အကြောင်းအရာကြောင့် လူတစ်စုံတစ်ယောက်သည် တတိယ အကြိမ် ညစာစား ဖို့ လိုလိမ့်မည်။ သို့ရာတွင် ဤ ညစာကို စားရလျှင် ကောင်းစွာ အစာကြေညက်စေနိုင်သော အစားအသောက်တို့ကို အနည်းငယ်သာ သုံးဆောင်သင့်သည်။20 CCB2 241.4

တပည့်များတို့သည် ကာယလုပ်ငန်း၊ စိတ်ဉာဏ် လုပ်ငန်းတို့ကို ပင်ပန်းစွာ ရောနှော လုပ်ကိုင်ရသောအခါ၊ တတိယ အစာကို တားမြစ်ဖို့ မလိုချေ။ တပည့်များသည် တတိယ အစာတွင် ဟင်းရွက်ဟင်းသီး မပါဘဲ ရိုးရိုး နှင့် သင့်တော် ကျန်းမာစေသော သစ်သီး နှင့် ပေါင်မုန့်ကဲ့သို့သော အစာများ ပါဝင်စေရမည်။21 CCB2 242.1

ပူလွန်းသောအခါ သို့မဟုတ် အေးလွန်းသောအခါ အစားအသောက်ကို မသုံးဆောင်အပ်။ အစာသည် အေးနေလျှင်၊ ၎င်းကို ကြေညက်စေခြင်း မပြုခင်၊ နွေးလာစေရန် အစာအိမ်၏ အရေးကြီးသော အင်အား သတ္တိကို ပိုမို အသုံးပြုရ၏။ အေးလွန်းသော ဖျော်ရည်တို့သည်လည်း ထိုအလားတူ အကြောင်းရင်းကြောင့် ထိခိုက်စေတတ်သည်။ သို့ရာတွင် ပူလွန်းသော ဖျော်ရည်တို့ကို များစွာ သုံးဆောင်ခြင်းသည်လည်း အားလျော့စေတတ်သည်။ အမှန်အားဖြင့် ထမင်းပွဲတွင် အရည်ကို ပိုမို သောက်လျှင်၊ အစာကြေညက်စေဖို့ရန် သာ၍ ခဲယဉ်းပေသည်၊ အကြောင်းကား အစာကြေညက်ခြင်း အမှုကို မပြုခင် အရည်များကို စုပ်ယူရဦးမည်။ ဆားကို များများ မသုံးဆောင်သင့်၊ သရက်သီး သနပ်မှ စသော သနပ်များ နှင့် အမွှေးအကြိုင် ထည့်ထားသော အစာများကို ရှောင်ပါ။ သစ်သီးကို များစွာ သုံးဆောင်ပေးပါ။ ၎င်းပြင် အရည်များစွာ သောက်လိုသော ဆန္ဒကို ဖြစ်ပေါ်စေသော ပူစပ်ခြင်း အဖြစ်သည် အများအားဖြင့် ပျောက်ကွယ်သွားလိမ့်မည်။ အစာကို ဖြည်းဖြည်း စား၍ ကောင်းစွာ ညက်အောင် ဝါးပေးရမည်။ တံတွေးသည် အစာနှင့် သင့်လျော်စွာ ရောနှောသွားစေ၍ အစာကြေစေသော အရည်များကို ထွက်လာစေမည် အကြောင်း ဤသို့ ပြုပေးဖို့ လိုပေသည်။22 CCB2 242.2