အသင်းတော်အတွက သြဝါဒများ။ I

95/133

အခန်း ၁၉။—ခရစ်ယာန်တို့သည် ဘုရားသခင် အကြောင်းကို ဖော်ပြခြင်း။

မိမိနိုင်ငံတော်၏ စည်းကမ်း ဥပဒေများကို မိမိ၏ လူများအားဖြင့် ထင်ရှားစေခြင်းငှါ ဘုရားသခင်သည် အကြံရှိတော်မူ၏။ ဤစည်းကမ်း ဥပဒေများကို သူတို့သည် မိမိတို့ အသက်တာ နှင့် အကျင့်၌ ထင်ရှားစေကြမည် အကြောင်း ဘုရားသခင်သည် သူတို့အား လောက၏ ထုံးစံဓလေ့၊ အလေ့အကျင့်၊ အပြုအမူ အကျင့်အကြံတို့မှ ခွဲထုတ်ထားခြင်းငှါ အလိုရှိတော်မူ၏။ ဘုရားသခင်သည် မိမိ၏ အလိုတော်ကို သူတို့အား ထင်ရှားနိုင်မည် အကြောင်း သူတို့ကို မိမိ အနီးသို့ ယူဆောင်လာရန် ကြံစည်တော်မူ၏။ CCB1 277.1

ယခုခေတ်၌ မိမိ၏ လူတို့အားဖြင့် ဘုရားသခင်သည် ဖြစ်မြောက်အောင် ပြုလုပ်လိုတော်မူသော အကြံအစည်တော်မှာ၊ ဣသရေလ လူတို့အား အဲဂုတ္တုပြည်မှ ထုတ်ဆောင်လာသောအခါ၊ သူတို့အားဖြင့် ဖြစ်မြောက် ပြီးစီးအောင် ပြုလုပ်လိုတော်မူသော အကြံအစည်တော်နှင့် အတူတူပင် ဖြစ်ပါသည်။ CCB1 277.2

အသင်းတော်တွင် ဖော်ပြထားသော ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ ကရုဏာ၊ ဖြောင့်မှန်ခြင်း နှင့် မေတ္တာတော်ကို ကြည့်ရှုဆင်ခြင်ခြင်းအားဖြင့် လောကသည် ဘုရားသခင်၏ ဂုဏ်တော် သဘောတော်ကို ထင်ရှားစွာ သိမြင်ရလိမ့်မည်။ ၎င်းပြင် ဘုရားသခင်၏ ပညတ်တရားတော်ကို အသက်တာ၌ ထိုသို့ ပုံသက်သေဖြင့် ပြုကျင့်ပြသောအခါ၊ ဘုရားသခင်ကို ချစ်ခင်၊ ကြောက်ရွံ့၊ ကိုးကွယ်ကြသော သူတို့သည် မြေကြီးပေါ်၌ ရှိသော သူတို့ထက် သာ၍ မြတ်ကြကြောင်းကို လောကပင်လျှင် အသေအချာ သိမှတ်လိမ့်မည်။ CCB1 277.3

ထာဝရဘုရားသည် မိမိ လူအသီးအသီးတို့ကို ကြည့်ရှုတော်မူလျက် အသီးအသီးတို့နှင့် သက်ဆိုင်သော စီမံကိန်းများကို ရေးဆွဲ ပြုလုပ်ထားတော်မူ၏။ မိမိ၏ သန့်ရှင်းသော တရားများကို လေ့ကျင့်သော သူတို့သည် ထူးခြားသော သူများ ဖြစ်ရမည်ဟု ဘုရားသခင်က စီမံကြံစည်ထားတော်မူ၏။ ဝိညာဉ်တော်အားဖြင့် မောရှေ ရေးထားသော စကားများသည် ရှေးဣသရေလများ သာမ က ယခုခေတ်ရှိ ဘုရားသခင်၏ လူတို့နှင့်လည်း သက်ဆိုင်ပေသည်။ ၎င်းစကားတို့ကား၊ “သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသော အမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ ဘုရားသခင် ထာဝရဘုရား ပိုင်ထိုက်သော အမျိုး ဖြစ်စေခြင်းငှါ သင့်ကို ရွေးချယ်တော်မူသတည်း။” တရား၊ ၇: ၆။1 CCB1 277.4