အသင်းတော်အတွက သြဝါဒများ။ I

1/133

အသင်းတော်အတွက် သြဝါဒများ အယ်လင်ဂျီဝှိုက်

အမှာစာ။

အာရှတိုက် တောင်ပိုင်း ဒီဝီဇံနယ်ကြီးတွင် သတ္တမနေ့ ဥပုသ်အသင်း၏ လုပ်ငန်းသည် တိုးတက်လာသောအခါ၊ ဘာသာစကား အမျိုးမျိုးကို ပြောဆို ရေးဖတ်တတ်ကြသော အသင်းသားတို့က အသင်းတော်အတွက် သက်သေခံချက် စာအုပ်များကို ဖတ်လိုကြသည်။ ဤစာအုပ်များသည် တစ်ကမ္ဘာလုံးရှိ အသင်းတော်ကို ခွန်အားနှင့် ပြည့်စေလျက် ကောင်းကြီးပေးလေပြီ။ သက်သေခံချက် စာအုပ် ကိုးတွဲ နှင့် မမဝှိုက် ရေးသော အခြား စာအုပ် အများကို ရိုက်နှိပ်ရန် မဖြစ်နိုင်။ ဤစာအုပ် အများမှ ထုတ်နှုတ်ထားသော သြဝါဒများကို ရိုက်နှိပ်ရန် မဖြစ်နိုင်။ ဤစာအုပ် အများမှ ထုတ်နှုတ်ထားသော သြဝါဒများကို ဤစာအုပ်တွင် ဖော်ပြထားရာ၊ ၎င်းတို့သည် အသင်းတော်အတွက် များစွာ အကျိုးရှိလိမ့်မည်။ CCB1 5.1

ဤစာအုပ်တွင် အခန်း ခြောက်ဆယ့်ခြောက် ပါရှိ၍ ဤအရာများကို ရွေးချယ်စုပေါင်းရန် ဒီဝီဇံအသင်း၏ ကော်မတီ နှင့် မမဝှိုက်၏ စာစောင်များကို ထိန်းသိမ်းထားရသော ဝါရှင်တန်မြို့၊ သတ္တမနေ့ အသင်းချုပ်ကြီးရှိ အဖွဲ့တို့သည် စီမံပြုလုပ်ခဲ့ကြပြီ။ CCB1 5.2

မမဝှိုက် စာအုပ်များမှ ရွေးချယ်ထားသော သြဝါဒများကို စုပေါင်း၊ ဘာသာပြန်၍ ရိုက်နှိပ် ထုတ်ဝေရသော အလုပ်သည် ပင်ပန်းသော လုပ်ငန်း တစ်ခု ဖြစ်ပါသည်။ ဤစာအုပ်တွင် အရေးကြီးသော အချက်ကြီးများနှင့် ဆိုင်သော သြဝါဒများကိုသာ ဖော်ပြထားသော်လည်း၊ အကြောင်းအရာများ စုံလင်စွာ ပါရှိသည်။ မည်သည့် စာအုပ်မှ ရွေးနှုတ်ထားသည်ကို အခန်း အဆုံးတွင် ဖော်ပြထားပါသည်။ ချန်လှပ်ထားသော စာပိုဒ် သို့မဟုတ် စာကြောင်းများ အကြောင်း ဖော်ပြမထားပါ။ CCB1 5.3

၁၉၅၅ ခုနှစ်က ပူးနားမြို့၌၊ ကျမ်းစာသင်ကျောင်းတွင် ဒီဝီဇံအသင်းကြီးမှ အမှုတော်ဆောင် အများ စည်းဝေးကြရာ၊ မမဝှိုက်၏ အကြောင်းအရာ နှင့် ၁၉၁၅ ခုနှစ်တွင် မမဝှိုက် သေဆုံးသည်တိုင်အောင် အသင်းတော်နှင့် စပ်ဆိုင်၍ မမဝှိုက် ရရှိသော ရူပါရုံများ အကြောင်း နိဒါန်း တစ်ခုကို ဖော်ပြထားပါသည်။ ဤနိဒါန်း နှင့် စာအုပ်တွင် ဖော်ပြထားသော သြဝါဒ၏ အခန်းများကို ရောနှောရှုပ်ထွေးမသွားစေရန် သတိပြုပါ။ CCB1 5.4

ကြာမြင့်စွာကပင် မျှော်လင့်နေကြသော ဤစာအုပ်ကို ယခု ရရှိပြီဖြစ်၍ ဝမ်းမြောက် စိတ်ကျေနပ်ဖွယ် ဖြစ်ပေသည်။ ဤသြဝါဒများ နှင့် အကြံပေးချက်များအားဖြင့်၊ စာဖတ်သူတို့သည် ကြွလာတော်မူခြင်း သတင်းစကားနှင့် ဆိုင်သော သမ္မာတရားကို ကောင်းစွာ သိရှိနားလည်လာကြလျက် ခရစ်ယာန် ဗဟုသုတကို တိုး၍ ရရှိကြလိမ့်မည်။ ၎င်းပြင် သခင်ဘုရား ကြွလာတော်မူသော နေ့တွင် အောင်မြင်ခြင်း ရရှိဖို့ မျှော်လင့်နိုင်ကြလိမ့်မည်ဟု အာရှတိုက် တောင်ပိုင်း ဒီဝီဇံအသင်းကြီး၏ အမှုဆောင်များ နှင့် အောက်ပါအဖွဲ့က ဆုတောင်းပါသည်။ CCB1 6.1

မမဝှိုက်၏ စာအုပ်များကို ထိန်းသိမ်းသောအဖွဲ့။ CCB1 6.2