သုခချမ်းသာလမ်းညွှန်..

1/14

သုခချမ်းသာလမ်းညွှန်

စကားချီး

ဤစာစောင်၏အမည်မှာ “သုခချမ်းသာလမ်းညွှန်” ဟုခေါ်ဆိုထားသည်အတိုင်း၊ ဖြောင့်မတ်ခြင်းတရားနှင့် ငြိမ်သက်ခြင်းချမ်းသာကိုရှာဖွေနေသောသူတို့သည် မိမိတို့ကိုယ်ကို လုံးလုံးအပ်နှံလျက် အပြစ်သားတို့၏မိတ်ဆွေကြီး၌မြဲစွာ အားထားယုံကြည်ခြင်းဖြင့်၊ မိမိတို့၏ရည်ရွယ်ချက်တည်းဟူသောကောင်းကြီးမင်္ဂလာကိုကြွယ်ဝစွာခံယူရရှိနိုင်ကြလေသည်။ ဤစာစောင်၌ဖော်ပြထားသောသြဝါဒများ၊ နှိုးဆော်ချက်များတို့သည် စိတ်ဒုက္ခရောက်သူတို့အားစိတ်သက်သာခြင်းနှင့် မြော်လင့်ခြင်းအခွင့်ထူးများကို ချပေးလေပြီ။ တပည့်တော်များတို့အား မိမိတို့၏ရှေ့ဆောင်လမ်းပြကြီ၏ ခြေတော်ရာကိုမသွေမတိမ်းလိုက် ရှောက်စေခြင်းငှာ၊ သာ၍ယုံကြည်ကိုးစားလျက်၊ သာ၍ပျော်မွေ့ခြင်းအခွင့်ကိုလည်း ရရှိစေလေပြီ။ SC iv.1

ထို့အတူထိုသို့သောအကူအညီ၊ အားပေးတိုက်တွန်းခြင်းကို အလိုရှိကြသော သူများတို့အား သတင်းကောင်းများကို ဤစာစောင်ကဘော်ပြလိမ့်မည်ဟု မြော်လင့်ပါသည်။ ဤ “သုခချမ်းသာလမ်းညွှန်” စာစောင်ကိုဘတ်သောအခါ၊ ကောင်းကင် သုခချမ်းသာ၏အ ကြောင်းကိုစာဘတ်သူတို့သည် တိုး၍သိမြင်လာကြပါလိမ့်မည်။ SC iv.2

ပုံနှိပ်ထုတ်ဝေသူများ။ SC iv.3