သုခချမ်းသာလမ်းညွှန်..

10/14

အမှုဆောင်ခြင်းနှင့်အသက်ရှင်ခြင်း

ဘုရားခင်သည်စကြဠာကြီးအတွက်အသက်ရှင်ရေး၊အလင်းနှင့်ဝမ်းမြောက်ပျော်ရွှင်ရေးတို့၏ အခြေအမြစ်ဖြစ်တော်မူ၏။ နေမှထွက်လာသောအလင်းရောင်ခြည်ကဲ့သို့လည်းကောင်း၊ စီးထွက်နေသောစမ်းရေမှထွက်လာသောရေစီးကြောင်းများကဲ့သို့လည်းကောင်းဘုရားသခင်ထံတော်မှကောင်းချီးမင်္ဂလာများသည်ကိုယ်တော်၏သတ္တဝါအပေါင်းတို့ထံသက်ရောက်လာကြ၏။ လူတို့၏စိတ်နှလုံးထဲ၌ဘုရားသခင်၏အသက်သည်တည်ရှိနေလျှင်၎င်းသည် အခြားသူများထံသို့ မေတ္တာနှင့်ကောင်းချီးမင်္ဂလာများကို သက် ရောက်စေလိမ့်မည်။ SC 101.1

ကျွန်ုပ်တို့ကယ်တင်ရှင်၏ပျော်မွေ့ဖွယ်အမှုကားကျဆုံးပျောက်လွင့်နေသောလူများကို မြှင့်တင်လျက်ရွေးနုတ်ကယ်တင်ခြင်းအလုပ်တွင်တည်ရှိ၏။ဤအတွက်ကြောင့်ကိုယ်တော် သည်မိမိအသက်ကိုနှမြောတော်မမူဘဲလက်ဝါးကပ်တိုင်၌ရိုက်ထားခြင်းကိုခံလျက် ရှက်ဖွယ်သောအမှုကိုပမာဏပြုတော်မမူပါ။ထို့ကြောင့်ကောင်းကင်တမန်တို့သည်သူတစ်ပါး၏ ပျော်ရွှင်ဝမ်းမြောက်ရေးအတွက် ဆောင်ရွက်မှု တွင် အမြဲပင်ပါဝင်ကြလေသည်။ ဤအမှုသည် သူတို့၏ ပျော်မွေ့ဖွယ်ရာဖြစ်၏။ အကျင့်စာရိတ္ထနှင့်အ ဆင့်အတန်းတို့တွင် နေရာတိုင်း၌ပင် ယုတ်ညံ့၍အောက်တန်းကျသောသူတို့အားစောင့်ရှောက်ပြုစုခြင်းအမှုကိုတစ်ကိုယ်ကောင်းကြံ စည်တတ်သောစိတ်ရှိသူတို့က အလွန်နိမ့်ကျသောအမှုဟုသဘောထားတတ် ကြသော်လည်း ထိုအမှုပင်လျှင် အပြစ်ကင်းသော ကောင်းကင်တမန်တို့၏အလုပ်ဖြစ်သည်။ သခင်ခရစ်တော်၏ကိုယ်ကိုစွန့်သောမေတ္တာနှင့်ပြည့်ဝသောစိတ်သဘောမျိုးသည်ကောင်းကင်တစ်ဝန်းလုံးကိုလွှမ်းမိုးသောသဘောဖြစ်သည်။ဤသဘောမျိုးသည်သခင်ခရစ်တော်၏ တပည့်တော်တို့၌ရှိရကြမည့်သဘော၊ ဤအလုပ်သည်သူတို့ပြုရကြမည့်အလုပ်ဖြစ်၏။ SC 101.2

သခင်ခရစ်တော်၏မေတ္တာတော်သည်စိတ်နှလုံးထဲ၌ကိန်းအောင်းနေသောအခါ မွှေးကြိုင်သောအနံ့အထုံကဲ့သို့၎င်းကိုဖုံးအုပ်၍မထားနိုင်။ကျွန်ုပ်တို့နှင့်ဆက်ဆံမိကြသောသူအ ပေါင်းတို့သည်၎င်း၏သန့်ရှင်းခြင်းတန်ခိုးကိုသိမြင်ရကြလိမ့်မည်။စိတ်နှလုံးထဲ၌ရှိသော သခင်ခရစ်တော်၏ သဘောမျိုးသည်သဲကန္တာရထဲတွင်ရှိသောစမ်းရေတွင်းနှင့်တူလျက် သတ္တဝါအပေါင်းတို့ကိုအားဖြည့်လန်းဆန်းစေရန်စီးဆင်း၍ပျက်စီးတော့မည်ဖြစ်သောသူတို့အား အသက်ရေကိုသောက်ရန် စိတ်အားထက်သန်လာစေ၏။ SC 103.1

လူသတ္တဝါတို့အပေါ်၌ကောင်းကျိုးသက်ရောက်၍သူတို့၏အခြေအနေကိုမြှင့်တင်ဖို့အတွက်ကိုယ်တော်သည်အမှုဆောင်ရွက်သည်နည်းတူဆောင်ရွက်လိုသောဆန္ဒ၌သခင်ယေရှု၏မေတ္တတော်သည်ထင်ရှားလာလိမ့်မည်။ထိုဆန္ဒသည်ကောင်းကင်ခမည်းတော်၏စောင့်ရှောက်ပြုစုခြင်းခံရသောသတ္တဝါအပေါင်းတို့အပေါ်၌မေတ္တာ၊ကြင်နာသနားခြင်းနှင့်ထောက်ထားစာနာ ခြင်းတို့ကို ထားရှိလာစေလိမ့်မည်။ SC 103.2

မြေကြီးပေါ်၌သခင်ခရစ်တော်နေထိုင်တော်မူခဲ့သောအသက်တာသည် အေးဆေး၍ကိုယ်ကျိုးကိုသာငဲ့ကွက်သောအသက်တာမျိုးမဟုတ်ဘဲကိုယ်တော်သည် ပျောက်ဆုံးနေသောလူသတ္တဝါတို့ကိုကယ်တင်ရေးအတွက်မနေမနား၊စိတ်အားထက်သန်စွာ ကြိုးစား၍အမှုဆောင်ရွက်တော်မူ၏။နွားစာခွက်မှကရာနီကုန်းတိုင်အောင်ကိုယ်ကိုငြင်းပယ် သောလမ်းကိုလျှောက်လိုက်၍ခက်ခဲသောအလုပ်တာဝန်၊ပင်ပန်းသောခရီး၊အားအင်ကုန်ခန်း စေသောစိုးရိမ်သောကနှင့်အလုပ်ကြမ်းများကိုရှောင်ကြဉ်ရန် ကြံစည်တော်မမူပါ။ ကိုယ်တော်က၊“လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊သူတစ်ပါး၏အစေကိုခံခြင်းငှာလည်းကောင်း၊မိမိအသက်ကို စွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်” ဟုမိန့်တော်မူ၏။ မဿဲ ၂ဝး၂၈။ ဤအရာသည် ကိုယ်တော်၏အသက်တာတွင် အကြီးဆုံးရည်ရွယ်ချက်ဖြစ်သည်။ ဤအရာ မှလွဲ၍အခြားသောအမှုများသည် ၎င်းအရာ၏တစ်ဆင့်ခံမှီခိုနေသောအရာများဖြစ်သတည်း။ ဘုရားသခင်၏အလိုတော်ကိုဆောင်လျက်အမှုတော်ပြီးစီးခြင်းသည်ကိုယ်တာ်၏စားစရာဖြစ်၏။ ကိုယ်တာ်၏ အမှုတော်တွင် ကိုယ်ကိုအမှုးထား၍ ကိုယ်ကျိုးရှာခြင်းသဘောများမရှိချေ။ SC 103.3

ထိုကြောင့်အခြားသောသူတို့သည်ကောင်းကင်ဆုလာဘ်လက်ဆောင်ကိုပါဝင်ခံစားခွင်ရရှိမည်အကြောင်းသခင်ခရစ်တော်၏ကျေးဇူးတော်ကိုခံယူရရှိသောသူတို့သည်စွန့်စားခြင်းအမှုတစ်စုံတစ်ခုကိုပြုလုပ်ရန်အသင့်ရှိကြလိမ့်မည်။သူတို့နေထိုင်ဖို့ရန်အတွက်လောကအားသာ၍ ကောင်းစေရန်တတ်နိုင်သမျှပြုပြင်ကြလိမ့်မည်။ဤသဘောမျိုးသည်အမှန်စိတ်နှလုံးပြောင်းလဲသောသူတို့မှဧကန်အမှန်ပေါ်ထွက်လာသောအရာဖြစ်သည်။တစ်စုံတစ်ယောက်သည် သခင်ခရစ်တော်ထံသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သခင်ယေရှုသည် အဖိုးထိုက်သော မိတ်ဆွေဖြစ်သည်ကို သူတစ်ပါးအားဖေါ်ပြလိုသောဆန္ဒသည် သူ၏ စိတ်ထဲ၌ပေါ်လာ၏။ ကျွန်ုပ်တို့သည်သခင်ခရစ်တော်၏ဖြောင့်မတ်ခြင်းဝတ်ရုံကိုခြုံရ၍မိမိတို့အထဲ၌ကိန်းအောင်းနေ တော်မူသောဝိညာဉ်တော်၏ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝလာလျှင်မိမိတို့ရရှိသောငြိမ်သက်ခြင်းကို မိမိတို့အဖို့သာသိမ်းထားနိုင်ကြလိမ့်မည်မဟုတ်။ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည်ကို မြည်းစမ်းလျက်သိမြင်ရလျှင် ကျွန်ုပ်တို့သည် တစ်စုံတစ်ရာကိုပြောပြလိုကြလိမ့်မည်။ ဖိလိပ္ပု ကဲ့သို့ကိုယ်တော်ကိုတွေ့ရှိသောအခါအခြားသောသူများကိုကျွန်ုပ်တို့သည်ကိုယ်တော်ထံသို့ယူဆောင်လာကြလိမ့်မည်။ကျွန်ုပ်တို့သည်သူတို့အားသခင်ခရစ်တော်၏နှစ်သက်ဖွယ်သောအ ကြောင်းများနှင့်ယခုမမြင်ရသေးသော်လည်းနောင်ကာလ၌ဤလောကတွင်ပင်အကယ်ပင် တည်ရှိမည်ဖြစ်သောစည်းစိမ်းအကြောင်းကိုဖေါ်ပြလို ကြလိမ့်မည်။ သခင်ယေရှုလျှောက်တ်ာမူသောလမ်းကိုလိုက်လျှောက်ရန် ပြင်းထန်သောအလို ဆန္ဒရှိလိမ့်မည်။ မိမိတို့ပတ်လည်၌ရှိသောသူတို့သည် “ဤလောက၏အပြစ်ကိုဆောင်သော ဘုရားသခင်၏သိုးသငယ်”ကိုကြည့်ရှုနိုင်ကြမည်အကြောင်းကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌စိတ်အား ကြီးသောတောင်တ ခြင်းရှိလိမ့်မည်။ SC 104.1

၎င်းပြင်အခြားသောသူတို့အားကောင်းချီးပေးရန်ကြိုးစားခြင်းအမှုသည်ကျွန်ုပ်တို့အပေါ်၌ကောင်းချီးမင်္ဂလာများသက်ရောက်စေခြင်းအမှုကိုပြန်၍ဖြစ်စေလိမ့်မည်။ဤအမှုကားရွေးနုတ်ခြင်းစီမံကိန်းတွင်ကျွန်ုပ်တို့အားပါဝင်ဆောင်ရွက်ခွင့်ပေးတော်မူရာ၌ဘုရားသခင်၏ရည်ရွယ် ချက်ဖြစ်ပေသည်။ဘုရားဇာတိကိုခံယူရရှိလာစေရန်အခွင့်ကိုဘုရားသခင်ကလူအားပေးတော်မူခဲ့၍တစ်ဖန်သူတို့မှတစ်ဆင့်အခြားလူများအားကောင်းချီးမင်္ဂလာများကိုဝေငှပေးကမ်းတော်မူ၏။ လူတို့အပေါ်၌ဘုရားသခင်သည်ဤအခွင့်အရေးကိုချပေးနိုင်တော်မူခြင်းအမှုသည်အမြင့်မြတ်ဆုံးသောဂုဏ်အသရေအကြီးဆုံးသောဝမ်းမြောက်ခြင်းဖြစ်၏။ထိုသို့အားဖြင့်မေတ္တာနှင့်ပြည့်ဝ သောအလုပ်များတွင်ပါဝင်ခံစားခွင့်ရရှိကြသောသူတို့သည်မိမိတို့ဖန်ဆင်းရှင်နှင့်အနီးကပ်ဆုံး ရောက်ရှိလာကြလေသည်။ SC 105.1

ဘုရားသခင်သည်ဧဝံဂေလိသတင်းစကားကိုလည်းကောင်း၊မေတ္တာနှင့်ဆောင်ရွက်ရ သောအလုပ်ရှိသမျှကိုလည်းကောင်းကောင်းကင်တမန်များအားအပ်ပေးနိုင်တော်မူ၏။မိမိ၏ ရည်ရွယ်ချက်ပြီးမြောက်စေခြင်းငှာအခြားသောနည်းလမ်းများကိုအသုံးပြုနိုင်တော်မူ၏။သို့သော် ဤကိုယ်ကျိုးမရှာသောအမှုဆောင်ရွက်ခြင်းအားဖြင့်အကျိုးခံစားရသောကောင်းချီးမင်္ဂလာ၊ ဝမ်းမြောက်ခြင်းနှင့်ဝိညာဉ်ရေးတွင်မြှင့်တင်ရေးတို့ကိုကျွန်ုပ်တို့သည်ခံစားခွင့်ရရှိကြမည်အ ကြောင်း ဘုရားသခင်ကိုယ်တော်တိုင်နှင့်လည်း ကောင်း၊ သခင်ခရစ်တော်နှင့်လည်းကောင်း၊ ကောင်းကင်တမန်များနှင့်လည်းကောင်းအတူတကွပူးပေါင်းအမှုဆောင်ရွက်ခွင့်ရရှိစေရန် ဘုရားသခင်သည်ကျွန်ုပ်တို့အား အနန္တမေတ္တာတော်အရှိန်အားဖြင့် ရွေးချယ်ခန့်ထားတော်မူ၏။ SC 105.2

ကျွန်ုပ်တို့သည် ကိုယ်တော်ဝေဒနာခံစားမှုမျိုးကို ပါဝင်ဆက်ဆံခွင့်ရရှိခြင်းဖြင့် သခင်ခရစ်တော်နှင့်အတူထောက်ထားစာနာသောသဘောကိုရရှိကြမည်။အခြားသူများ၏ ကောင်းကျိုးအတွက်မိမိကိုယ်ကိုစွန့်စားခြင်းအမှုတိုင်းသည်ထိုစွန့်စားသူ၏စိတ်နှလုံးထဲ၌အကျိုးဖြစ်စေသောအမှုကိုပြုတတ်သောသဘောကိုတိုးပွားခိုင်မြဲစေလျက်သူ့အားလောက၏ကယ်တင်ရှင်နှင့်သာ၍ နီးကပ်စွာဆက်သွယ်စေ၏။ “ထိုကယ် တင်ရှင်သည် စည်းစိမ်ရှိသော်လည်း ဆင်းရဲတော်မူခြင်းအားဖြင့်သင်တို့သည်စိမ်းစည်ရှိစေခြင်းငှာသင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူ၏။“ဘုရားသခင်သည်ကျွန်ုပ်တို့ကိုဖန်ဆင်းတော်မူရာ၌စီမံထားတော်မူသောအကြံတော်ကိုကျွန်ုပ်တို့သည်ထိုကဲ့သို့ပြည့်စုံစေသောအခါ၌သာအသက်တာသည်ကျွန်ုပ်တို့အဖို့ ကောင်းချီးမင်္ဂလာဖြစ်လာနိုင်၏။ SC 106.1

ခရစ်တော်စီမံတော်မူသည်အတိုင်းမိမိ၏တပည့်တော်များပြုလုပ်ရမည့်အမှုကိုသင်သည်ဆောင်ရွက်၍ကိုယ်တော်အတွက်ဝိညာဉ်များကိုရရှိလျှင်သင်သည်ဘုရားသခင်နှင့်ဆိုင်သောအရာများတွင်သာ၍များသောဗဟုသုတနှင့်သာ၍ကြီးကျယ်သောဥာဏ်ပညာလိုနေသည်ကိုသိရှိလျက်ဖြောင့်မတ်ခြင်းတရားကိုဆာငတ်မွတ်သိပ်လိမ့်မည်။သင်သည်ဘုရားသခင်းကိုတောင်းပန်၍ သင်၏ယုံကြည်ခြင်းခွန်အားသည် သာ၍ခိုင်ခံ့တိုးပွားလာလျက် သင်၏ဝိညာဉ်သည် ကယ်တင်ခြင်းတည်းဟူသော ရေတွင်းမှစမ်းရေကိုသာ၍ များပြားစွာသောက်သုံးလိမ့်မည်။ တွေ့ကြုံရသေခုခံတွန်းလှန်မှုနှင့်စုံစမ်းနှေင့်ယှက်ခြင်းတို့သည်သင့်အားသမ္မာကျမ်းစာနှင့်ဆု တောင်းခြင်းအမှုကိုအားကိုးစေလိမ့်မည်။သင်သည်ကျေးဇူးတော်၌လည်းကောင်း၊ ခရစ်တော်ကိုသိကျွမ်းခြင်း၌လည်းကောင်းကြီးပွား၍အဖိုးထိုက်တန်သောဗဟုသုတ၌ တိုးပွားလိမ့်မည်။ SC 106.2

ကိုယ်ကျိုးုမရှာဘဲအခြားသူတို့အတွက်အမှုဆောင်ရွက်လိုသောသဘောသည်အကျင့် စာရိတ္တ တည်တံ့ခိုင်ခံ့တိုးပွား၍ သခင်ခရစ်တော်၏ အကျင့်ကဲ့သို့ နှစ်သက်ဖွယ်ဖြစ်စေလျက် ၎င်းသဘောမျိုးရှိသူ အားငြိမ်သက်ခြင်းနှင့်ဝမ်းမြောက်ခြင်းကိုပေး၏။ မြင့်မြတ်သောအရာကို တောင့်တသောစိတ်သည်တိုးပွားလာ၏။ပျင်းရိခြင်း(သို့မဟုတ်)ကိုယ်ကျိုးရှာခြင်းသဘောများမရှိ။ ခရစ်ယာန်အကျင့်သီလများကို ထိုသို့ကျင့်သောသူတို့သည်ကြီးပွား၍ ဘုရားသခင်အတွက် အမှုဆောင်ရွက်ရန်ခွန်အားနှင့်ပြည့်စုံလာ၏။သူ သည်ဝိညာဉ်ရေး၌ သာ၍ထင်းရှားသိမြင်လာ၍ ယုံကြည်ခြင်း၌တည်ကြည်တိုးပွားခြင်းရှိလျက်ဆုတောင်းခြင်းအမှု၌ခွန်အားတန်ခိုးသာ၍တိုးပွားလိမ့်မည်။မိမိတို့၏စိတ်ကူးထဲ၌လှုပ်ရှားလျက်ရှိသောဘုရားသခင်၏ဝိညာဉ်တော်သည်လူအားဘုရားသခင်နှင့်ဆက်ဆံရာ၌သန့်ရှင်းသောညီညွတ်ခြင်းကိုဖြစ်စေ၏။သူတစ်ပါး၏ကောင်းကျိုးအတွက်ကိုယ်ကျိုးမငဲ့ဘဲထိုသို့ကြိုးစားဆောင်ရွက်သောသူတို့သည်အမှန်အားဖြင့်မိမိကိုယ်တိုင်ကယ်တင်ခြင်းခံစားရဖို့သေချာပေသည်။ SC 106.3

ကျေးဇူးတော်၌ကြီးပွားဖို့ရန်တစ်ခုတည်းသောနည်းလမ်းကား၊ကျွန်ုပ်တို့အပေါ်၌သခင် ခရစ်တော်ကချပေးထားတော်မူသောအလုပ်ကို ကိုယ်ကျိုးမငဲ့ဘဲဆောင်ရွက်ခြင်းသာဖြစ်သည်။ ကျွန်ုပ်တို့ပေးနိုင်သော အကူအညီကို လိုနေသောသူတို့အားမစ၍ ကောင်းကျိုးပေးရာ၌ မိမိတို့အစွမ်းသတ္တရှိသမျှဆောင်ရွက်ခြင်းကိုဆိုလိုသည်။လေ့ကျင့်ခြင်းအားဖြင့်ခွန်အားကိုရရှိ။ အသက်ရျင်ရေးသည်လှုပ်ရျာမှုအပေါ်၌တည်၏၊၊ကျေးဇူးတော်အားဖြင့်သက်ရောက်လာသော ကောင်းချီးမင်္ဂလာများကိုသာခံယူနေလျက်သခင်ခရစ်တော်အတွက်ဘာမှမလုပ်ဘဲနေခြင်းအား ဖြင့်ခရစ်ယာန်အသက်တာ၌တည်နေရသောသူတို့သည်အလုပ်မလုပ်ဘဲအစားအသောက်ကိုသာသုံးဆောင်နေခြင်းဖြင့်အသက်ရှင်နေရန်ကြိုးစားနေကြပေသည်။သဘာဝလောကမှာနည်းတူဝိညာဉ်လောက၌လည်းဤသို့သေအခြေအနေသည်အစဉ်သဖြင့်ဆုတ်ယုတ်ပျက်စီးယိုးယွင်းခြင်းကိုဖြစ်စေသည်။ မိမိ၏ကိုယ်လက်အင်္ဂါများကိုလှုပ်ရှားစေဖို့မပြုလုပ်သောသူသည် အဆုံး၌ ၎င်းတို့ကိုအသုံးပြုရန် ခွန်အားမရှိဘဲနေလိမ့်မည်။ ထိုနည်းအားဖြင့် ဘုရားသခင်ချပေးတော်မူ သောခွန်အားတန်ခိုးများကိုအသုံးမပြုသောသူသည်သခင်ခရစ်တော်၌ကြီပွားခြင်းမရှိသည်သာမက မိမိ ရရှိထားပြီးသောခွန်အားကိုပင်ဆုံးရှုံး၏။ SC 107.1

သခင်ခရစ်တော်၏ အသင်းတော်သည် လူတို့အားကယ်တင်ရေးအတွက် ဘုရားသခင်ခန့်ထား တော်မူသောကိုယ်စားလှယ်ဖြစ်၏။၎င်း၏တာဝန်ဝတ္တရားကားလောကသားဧဝံဂေလိတရားကို ဟော ပြောခြင်းတည်း။ ၎င်းပြင်ဤတာဝန်သည် ခရစ်ယာန်အပေါင်းတို့အပေါ်၌ တည်ရှိ၏။ လူတိုင်းသည်ကယ် တင်ရှင်ကခန့်အပ်တော်မူသောတာဝန်ကို မိမိတို့စွမ်းအားသတ္တိနှင့် အခွင့်အရေးရှိသမျှပြည့်စုံစွာ ဆောင် ရွက်ရကြမည်။ ကျွန်ုပ်တို့အားဖေါ်ပြတော်မူခဲ့သော သခင်ခရစ်တော်၏ မေတ္တာတော်သည် ကိုယ်တော်ကို မသိသောသူအပေါင်းတို့အတွက် ကျွန်ုပ်တို့အားကြွေတင်နေသောသူဖြစ်စေပြီ။ ဘုရားသခင်သည်ကျွန်ုပ်တို့အားအလင်းတရားကို ကျွန်ုပ်တို့ကိုယ်တိုင်အဖို့သာမဟုတ်ဘဲ ထိုသူတို့အပေါ်၌ ထွန်းတောက်စေဖို့ရန်လည်း ချပေးတော်မူ၏။ SC 108.1

သခင်ခရစ်တော်၏တပည့်တော်များတို့သည်တာဝန်ဝတ္တရား၌ထကြွလှုပ်ရှားခြင်းရှိလျှင် ရုပ်တုကိုးကွယ်သောအရပ်ဒေသများတွင်ယနေ့ဧဝံဂေလိတရားကိုကြွေးကြော်နေသူတစ် ယောက်သာရှိသောနေရာတွင်ထောင်ပေါင်းများစွာရှိလိမ့်မည်။၎င်းပြင် မိမိတို့ကိုယ်တိုင်အမှုတော်တွင်ပါဝင်ဆောင်ရွက်နိုင်ခွင့်မရကြသောသူတို့သည် မိမိတို့၏ပစ္စည်း၊ ရွှေငွေတို့ဖြင့်လည်းကောင်း၊ ထောက်ထားစာနာမှုများ၊ ဆုတောင်းခြင်းများဖြင့်လည်းကောင်း အမှုတော်ကိုထောက်ပံ့ကူညီနိုင်ကြသေးသည်။၎င်းပြင်ခရစ်ယာန်နိုင်ငံများတွင်သာ၍စိတ်အား ကြီးစွာဖြင့် အမှုဆောင်ရွက်နိုင်လိမ့်မည်။ SC 108.2

သခင်ခရစ်တော်အတွက်အမှုဆောင်ရွက်ရန်တာဝန်သည်ကျွန်ုပ်တို့အပါ်၌တည်ရှိနေ လျှင်ကျွန်ုပ်တို့သည်မိမိတို့အိမ်ကိုစွန့်၍ရပ်ဝေးသို့သွားနေစရာမလို။အိမ်ထောင်နှင့်အသင်းတော်၌လည်းကောင်း၊မိမိတို့၏အပေါင်းအဖေါ်များ၊မိမိတို့နှင့်အတူအလုပ်လုပ်ကိုင်သောသူတို့အထဲ၌လည်းကောင်း၊ ဤအမှုတော်ကိုကျွန်ုပ်တို့ဆောင်ရွက်နိုင်ကြသည်။ SC 108.3

မြေကြီးပေါ်၌ကျွန်ုတို့၏ကယ်တင်ရှင်နေထိုင်သွားသောအသက်တာသည်အများအား ဖြင့်နာဇမြို့ရှိလက်သမားအလုပ်ရုံကလေးထဲ၌ စိတ်ရှည်စွာဖြင့်လုပ်ကိုင်ရသောအလုပ်ထဲမှာပင် အချိန်ကုန်ခဲ့ရလေ၏။ အသက်သခင်ဖြစ်တော်မူသောကိုယ်တော်သည်ဆင်းရဲသားများ၊လယ်ယာလုပ်ကိုင်သူများနှင့် အတူတကွသွားလာနေထိုင်လျက်ရှိစဉ်ကောင်းကင်တမန်များတို့သည်ကိုယ်တော်လုပ်ကျွေးပြုစုကြ၏။ ထိုအခါ၌ ကိုယ်တော်ကိုမည်သူမျှအသိအမှတ်မပြု၊ မချီးမမြှောက်ကြချေ။ ကိုယ်တော်သည်ဖျားနာသောသူ တို့ကို ကျန်းမာစေသောအခါ (သို့မဟုတ်) ဂါလိလဲအိုင်တွင် လေပြင်းမုန်တိုင်းကြောင့်ပုတ်ခတ်နေသောလှိုင်းများပေါ်၌လမ်းလျှောက်သွားတော်မူသောအခါ မှာကဲ့သို့ပင်ကိုယ်တော်သည်အောက်တန်းကျသောအလုပ်ကိုလုပ်ဆောင်နေသောအခါမှာ လည်း မိမိအားခွဲခန့်ပေးထားတော်မူသောအမှုတော်ကို သစ္စာနှင့်ဆောင်ရွက်လျက်ရှိတော်မူ၏။ ထို့အတူအသက်တာ၌အောက်တန်းအကျဆုံးသောအလုပ်တာဝန်များ၊အနိမ့်ကျဆုံးသောရာ ထူးဠာနများတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့်အတူ သွားလာလုပ်ကိုင်နိုင်ကြ သည်။ SC 108.4

တမန်တော်ပေါလုက၊“ခေါ်တော်မူခြင်းကျေးဇူးကိုခံရသောသူသည်အကြင်အမှုကိုလုပ်နေ၏။ ထို သို့ဘုရားသခင်ရှေ့တော်၌ လူတိုင်းလုပ်နေစေ” ဟုပြောဆိုထား၏။ (၁ကောရန်သု ၇း၂၄)။အလုပ်အကိုင်တစ်ခုခုကိုလုပ်ဆောင်ရသောသူသည် မိမိ၏အလုပ်၌သစ္စာရှိခြင်းကြောင့် မိမိသခင်၏ဂုဏ်သရေကိုထင်းရှားစေသောနည်းလမ်းကိုလိုက်နာပြုလုပ်နိုင်သည်။သူသည်သ ခင်ခရစ်တော်၏တပည့်တော်အစစ်ဖြစ်လျှင်အရာရာတိုင်း၌မိမိ၏ဘာသာတရားကိုအသုံးချ လျက်လူအများတို့အားသခင်ခရစ်တော်၏သဘောကိုထင်ရှားစေလိမ့်မည်။စက်မှုအလုပ်သမားသည်ဂါလိလဲပြည်၏တောင်များပေါ်၌အောက်တန်းကျသောအမှုကိစ္စတို့ကိုဆောင်ရွက်တော်မူခဲ့သောကိုယ်တော်အဖို့သစ္စာရှိစွာကြိုးစားလုပ်ဆောင်သောကိုယ်စားလှယ်တစ်ယောက်ဖြစ်နိုင်သည်။အခြားသောသူတို့သည်မိမိတို့၏ကောင်းသောအကျင့်ကိုမြင်ခြင်းဖြင့်မိမိတို့ဖန်ဆင်းရှင် နှင့်ရွေးနုတ်ရှင်၏ဘုန်းတော်ကိုထင်းရှားစေကြမည်အကြောင်းခရစ်တော်၏နာမကိုခံယူ သောသူတို့သည် မိမိတို့၏တာဝန်ကိုထမ်းဆောင်ရကြမည်။ SC 109.1

အခြားသောသူတို့သည် မိမိတို့ထက်ဥစ္စာ၊ အရည်အချင်းတို့နှင့် အကျိုးကျေးဇူးများကိုသာ လွန်ထူး ကဲစွာဖြင့်ရရှိကြသောကြောင့် အများသောသူတို့က မိမိတို့၏ဥစ္စဘဏ္ဍာများကို သခင်ခရစ်တော်၏အမှု တော်အတွက် မပေးမလှူနိုင်ကြပါဟုဆင်ခြေပေးကြပြီး။ ထူးခြားသောအရည်အချင်းနှင့်ပြည့်စုံသောသူတို့ သာ ဘုရားသခင်၏အမှုတော်အတွက် မိမိတို၏ စွမ်းအားသတ္တိကိုအသုံးပြုသင့်ကြသည်ဟု အခိျု့ကထင် မှတ်ကြပြီ။ မျက်နှာရသောသူတခိျု့သာအခွင့်အရေး၊ ရာထူးဌာနန္တရတို့ကိုပေးလျက် အခြားသောသူတို့ အား အမှန်ပင်အခွင့်အရေးနှင့်ဆုကျေးဇူးတို့ကိုပါဝင်ခံစားခွင့်မပေးဘဲထားကြသည်ဟု အခိျု့ကထင်မှတ်ခဲ့ ကြပြီ။ သို့ရာတွင် ငွေများကိုအပ်ပေးခြင်းခံရသောဥပမာက ဤကဲ့သို့အနက်အဓိပ္ပါယ်ဖေါ်ပြသည်မဟုတ်။ အိမ်ရှင်သည် မိမိ၏ငယ်သားများကိုခေါ်၍ အသီးသီးတို့ဆိုင်ရာအလုပ်ကိုအပ်ပေး၏။ SC 110.1

ကျွန်ုပ်တို့သည် “ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သကဲ့သို့” (ကောလောသဲ ၃း၂၃။)အသက်တာ၏အောက်တန်းအကျဆုံးသောအလုပ်တာဝန်တို့ကိုမေတ္တာစိတ်တို့နှင့် ဆောင်ရွက်ကြရမည်။ဘုရားသခင်၏မေတ္တာတော်သည်စိတ်နှလုံးထဲ၌တည်ရှိလျှင်အသက်တာ၌၎င်းကိုထင်ရှားစေလိမ့်မည်။ သခင်ခရစ်တော်၏မွှေးကြိုင်သောရနံ့သည် ကျွန်ုပ်တို့ကိုလွှမ်းမိုး၍ ကျွန်ုပ်တို့သြဇာအာဏာသည် သူတစ် ပါးကိုချီးမြှင့်လျက် ကောင်းချီးပေးလိမ့်မည်။ SC 110.2

သင်သည်ဘုရားသခင်၏အမှုတော်ကိုမဆောင်ရွက်မီကြီးကျယ်သောအခွင့်အရေး(သို့မဟုတ်)ထူးကဲသာလွန်သောစွမ်းအားသတ္တိများကိုရရှိသည်တိုင်အောင်စောင့်ဆိုင်းနေဖို့မလို လောကသည်သင့်အားအဘယ်ကဲ့သို့ထင်မှတ်လိမ့်မည်နည်းဟု စဉ်းစားဆင်ခြင် နေဖို့မသင့်။ သင်၏နေ့စဉ်အသက်တာ၌သင်၏ယုံကြည်ခြင်းသည်သန့်ရှင်းဖြူစင်၍ဟုတ်မှန်တည်ကြည် ကြောင်းသက်သေထင်ရှားလျက်သင်သည်အခြားသူတို့အားကောင်းကျိုးပေးကြောင်းကိုသူတို့ကအထင်အရှားသိကြလျှင် သင်၏ကြိုးပမ်းမှုသည် လုံး လုံးမဆုံးရှုံးချေ။ SC 110.3

သခင်ယေရှု၏အောက်တန်းအကျအဆုံးနှင့်အဆင်းရဲဆုံးသောတပည့်တော်သည်အခြားသူတို့အတွက်ကောင်းချီးမင်္ဂလာတစ်ခုဖြစ်နိုင်သည်။သူတို့သည်ထူးခြားသောအလုပ်တစ်ခုခုကိုပြုလုပ်နေသည်ကို မသိမြင်ဘဲနေလိမ့်မည်။ သို့ရာတွင် မထင်ရှားသောမိမိတို့၏သြဇာအားဖြင့် သူတို့သည်သာ၍ကျယ်ပြန့်နက်ရှိုင်းသောကောင်းချီးမင်္ဂလာလှိုင်းများကိုအစပြုဖြစ်ပေါ်စေကြ လိမ့်မည်။၎င်းပြင်နောက်ဆုံးဆုလာဘ်များကိုချပေးသောအချိန်တိုင်အောင်သူတို့ပြုသောအမှု၏ အကျိုးကျေးဇူးများကိုမသိဘဲနေကြလိမ့်မည်။သူတို့သည်ကြီးကျယ်သောအမှုတစ်စုံတစ်ခုကိုပြုလုပ်နေကြကြောင်းမသိမမြင်ကြချေ။သူတို့သည်အောင်မြင်မှုအတွက်မိမိတို့ကိုယ်တိုင်၌စိုးရိမ်ပူပန်ဖို့မလို။သူတို့သည်ရှေ့သို့ငြိမ်သက်စွာတိုးတက်သွား၍ဘုရားသခင်၏စီမံခန့်ခွဲထားသောအလုပ်ကိုသစ္စာနှင့်ဆောင်ရွက်ရန်သာရှိပေသည်။၎င်းပြင်သူတို့၏အသက်တာသည်အချည်းအနှီးမဖြစ်ရချေ။သူတို့၏ဝိညာဉ်သည်သခင်ခရစ်တော်၏ပုံသဏ္ဍာန်နှင့်တဖြည်းဖြည်းတိုး၍တူညီလာလိမ့်မည်။သူတို့သည်ဤအသက်တာ၌ဘုရားသခင်နှင့်အတူလုပ်ဖေါ်ဆောင်ဖက်များဖြစ်ကြသ ဖြင့်နောင်လာလတ္တံသောအသက်တာကာလ၌သာ၍မြင့်မြတ်သောအလုပ်နှင့်သင့်လျော်၍မ ကုန်မခန်းနိုင်သောစည်းစိမ်ချမ်းသာကိုခံစားရလိမ့်မည်။ SC 111.1