သုခချမ်းသာလမ်းညွှန်..

7/14

ယုံကြည်ခြင်းနှင့်လက်ခံတော်မူခြင်း။

သင်၏သြတ္တပ္ပစိတ်သည်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ထကြွနိုးကြားလာသ ဖြင့်၊သင်သည်အပြစ်ဒုစရိုက်၏မကောင်းမှု၊၎င်း၏တန်ခိုး၊၎င်း၏ဒဏ်၊ ၎င်း၏အမင်္ဂလာများတို့ကို သိမြင်လာ၍သင်သည်အပြစ်ကိုရွံရှာသောသဘောနှင့်ကြည့်ရှုမိ၏။ အပြစ်သည်သင့်အားဘုရား သခင်ထံမှာခွဲခွာသွားစေလျက်သင်သည်အပြစ်၏တန်ခိုးအားဖြင့်ချည်နှောင်ခြင်းခံနေရသည် ဟုသင်ထင်မှတ်လာ၏။ ၎င်းမှလွတ်မြောက်ရန်သာ၍ကြိုးစားလေလေ၊ သင်သည်အားကိုးရာမဲ့ ဖြစ်နေသည်ကိုသာ၍မြင့်လာလေလေဖြစ်၏၊ သင်၏စိတ်အကြံအစည်များသည်ညစ်ညူး၍ သင်၏စိတ်နှလုံးသည်မစင်ကြယ်၊ သင်၏အသက်တာသည်တကိုယ်ကောင်းကြံခြင်းနှင့်၎င်း အပြစ်ဒုစရိုက်နှင့်၎င်း၊ ပြည့်ဝလျက်နေသည်ကိုသင်မြင်၏။ သင်သည်အပြစ်လွှတ်ခြင်းအခွင့်ရ ရန်တောင့်တနေ၏။ ဘုရားသခင်နှင့်ညီညွတ်ခြင်း၊ ဘုရားသခင်နှင့်တူညီခြင်းအခွင့်ကိုရရှိရန် သင်သည်မည်ကဲ့သို့ပြုလုပ်နိုင်သလဲ။ SC 64.1

သင်လိုသောအရာကားငြမ်သက်ခြင်း၊ စိတ်ဝိညာဉ်၌ကောင်းကင်မှအပြစ်လွှတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့်ချစ်ခြင်းမေတ္တာဖြစ်၏။၎င်းကိုငွေနှင့်မဝယ်နိုင်။ ဥာဏ်ပညာအစွမ်းအားဖြင့် မဖြစ်ပေါ်လာစေနိုင်။ပညာအားဖြင့်၎င်းကိုမရနိုင်။သင်သည်သင်၏အစွမ်းအားဖြင့်၎င်းကိုရရှိ ဘို့ရန်ဘယ်အခါမျှမမြော်လင့်နိုင်။ သို့ရာတွင်ဘုရားသခင်သည် သင့်အားဆုကျေးဇူးအဖြစ် နှင့် “ငွေမပါဘဲ၊ အဘိုးကိုမပေးဘဲ” ပေးကမ်းတော်မူ၏။ (ဟေရှာယ၊ ၅၅း၁) သင်သည် လက်လှမ်း၍ကိုင်ယူလျှင်၎င်းသည်သင်၏ဥစ္စာဖြစ်လာ၏။ ထာဝရဘုရားက “သင်တို့အပြစ် သည် နီသောအဆင်း ရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ဖြူလိမ့်မည်၊ ကတ္တီပါနီနှင့်အမျှနီသော်လည်း၊ သိုးမွှေးကဲ့သို့ ဖြစ်လိမ့်မည်” ဟုမိန့်တော်မူ၏ (ဟေရှာယ၊ ၁း၁၈။) “စိတ်နှလုံးသစ်ကိုငါပေးမည် သဘောသစ်ကိုသွင်းထားမည်။” (ယေဇကျေလ၊ ၃၆း၂၆။) SC 64.2

သင်သည်သင်၏အပြစ်များကို ဘော်ပြတောင်းပန်ခဲ့၍ စိတ်နှလုံးထဲမှအပြစ်ကို ပယ် ရှားပြီး၊ သင့်ကိုယ်ကိုဘုရားသခင်အား အပ်ပေးရန်ဆုံးဖြတ်ခဲ့ပြီ။ ယခုဘုရားသခင်ထံတော်သို့ သွား၍သင်၏အပြစ်များကိုဆေးကြောတော်မူ၍ သင့်အားအသစ်သောနှလုံးကိုပေးတော် မူစေရန်တောင်းလျှောက်လော့။ ထိုနောက်ဘုရားသခင်သည်ဂတိထားတော်မူခဲ့ပြီဖြစ်သည် အတိုင်းပြုတော်မူသည်ကိုယုံကြည်လော့။ ဘုရားသခင်ဂတိထားတော်မူသောဆုကျေးဇူးကို ကျွန်ုပ်တို့သည်ရရှိမြည်ဟုကျွန်ုပ်တို့ယုံကြည်ကြရမည်။ ၎င်းပြင်ထိုဆုကျေးဇူးသည်ကျွန်ုပ်တို့ ၏ဥစ္စာဖြစ်သည်ဟုသခင်ယေရှုကမြေကြီးပေါ်မှာရှိနေတော်မူစဉ် သွန်သင်တော်မူခဲ့သောသင် ခန်းစာသည်ဤအရာပင်ဖြစ်ပေသည်။ လူများတို့သည်သခင်ယေရှု၏တန်ခိုးတော်ကိုယုံကြည် ကြသောအခါ၊ ကိုယ်တော်သည်သူတို့၏ရောဂါဝေဒနာတို့ကိုကုသ၍ကျန်းမာပျောက်ကင်းစေ တော်မူ၏။ သူတို့မြင်ရသောအရာများ၌ကိုယ်တော်သည်သူတို့အားမစကူညီတော်မူ၏။ထိုနည်း အားဖြင့်မိမိတို့မမြင်နိုင်သောအရာနှင့်စပ်ဆိုင်၍ ကိုယ်တော်၌ယုံကြည်အားထားသောစိတ်သ ဘောသည်သူတို့၌ရှိလာရန ပြုပြင်နှိုးဆော်တော်မူ၏။ အပြစ်ကိုလွှတ်ပိုင်သောတန်ခိုးသည် ကိုယ်တော်၌ရှိတော်မူကြောင်းကိုသူတို့အားယုံကြည်စေတော်မူ၏။ “လူသားသည်မြေကြီးပေါ် ၌အပြစ်လွှတ်ပိုင်သည်ကိုသင်တို့သိစေခြင်းငှာ၊ ထလော့။ ကိုယ့်အိပ်ရာကိုဆောင်၍အိမ်သို့သွား လော့” ဟုလက်ခြေသေသောသူအားမိန့်တော်မူ၏။ (မဿဲ၊ ၉း၆။) ထိုနည်းတူဧဝံဂလိအမှု ဆောင်ယောဟန်ကသခင်ခရစ်တော်၏နိမိတ်လက္ခဏာတို့ကိုအကြောင်းပြု၍ “ယေရှုသည်ခ ရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့သည်ယုံမည်အ ကြောင်းထိုသို့ယုံ၍နာမတော်အားဖြင့်အသက်ကိုရမည်အကြောင်း၍မျှလောက်ရေးထားလျက်ရှိ သတည်း” ဟု ဘော်ပြထား၏။ (ယောဟန် ၊၂၀း၃၁။) SC 65.1

သခင်ယေရှုသည်လူနာကိုမည်ကဲ့သို့ကူသတော်မူကြောင်းကျမ်းစာ၌လွယ်ကူစွာ ဘော်ပြထားသောအကြောင်းရာကို ထောက်ရှုခြင်းဖြင့်၊ အပြစ်လွှတ်ခြင်းခံစားဘို့ရန်ကိုယ်တော် ၌ မည်ကဲ့သို့ယုံကြည်ခြင်းရှိရမည်အကြောင်းကျွန်ုပ်တို့သည်သင်ရန်စာကိုရရှိနိုင်ကြသည်။ ဗေသေသဒရေကန်နား၌လက်ခြေသေနေသောသူ၏ အကြောင်းကိုပြန်၍ကြည့်ကြစို့။ ထိုဒုက္ခ ရောက်နေသူသည် အားကိုးရာမဲ့ဖြစ်နေ၏။ သူသည်လက်ခြေသေနေသည်မှာသုံးဆယ့်ရှစ်နှစ်ရှိ ပြီ။ သို့ရာတွင်သခင်ယေရှုက၊ ထလော့ကိုယ့်အိပ်ရာကိုဆောင်၍လှမ်းသွားလော့ဟုမိန့်တော်မူ ၏။ လူနာကသခင်ဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်အားကျန်းမာစေခြင်းငှါ အလိုတော်ရှိလျှင်၊ ကျွန်ုပ်သည်ကိုယ်တော်၏စကားကိုနားထောင်ပါမည်ဟုပြောဆိုကောင်းပြောဆိုရလိမ့်မည်။ သို့ရာတွင်ဘာမျှမပြောချေ။ သူသည်သခင်ခရစ်တော်၏စကားကိုယုံကြည်၏။ သူသည်ကျမ်းမာ ခြင်းသို့ရောက်ပြီဟုယုံကြည်၍ ချက်ခြင်းထရန်ကြိုးစား၏။လှမ်းသွားရန်ဆန္ဒရှိလာ၍သူသည် လှမ်းသွား၏။ သူသည်သခင်ခရစ်တော်၏စကားအတိုင်းပြုမူ၍ဘုရားသခင်သည်သူအားတန်ခိုး ကိုပေးတော်မူ၏။ သူသည်ကျမ်းမာသွားလေပြီ။ SC 67.1

ထိုနည်းတူသင်သည် အပြစ်ရှိသောသူတယောက်ဖြစ်၏။ သင်၏လွန်ခဲ့သောအပြစ်များ အတွက်အပြစ်ဖြေခြင်းအမှုကိုသင့်ကိုယ်တိုင်မပြုလုပ်နိုင်။ သင်၏စိတ်နှလုံးကိုမပြောင်းလဲနိုင်။ သင့်ကိုယ်ကိုသန့်ရှင်းအောင်မပြုလုပ်နိုင်။ သို့ရာတွင်ဘုရားသခင်က သခင်ခရစ်တော်အားဖြင့် သင့်အတွက်ဤအမှုအရာအပေါင်းကိုပြုလုပ်ပေးတော်မူမည်ဟုဂတိထားတော်မူ၏။ သင်သည်ထိုဂတိတော်ကိုယုံကြည်၏။ သင်သည်သင်၏အပြစ်များကိုဘော်ပြတောင်းပန်၍သင့် ကိုယ်ကိုဘုရားသခင်အားအပ်နှံ၏။ သင်သည်ဘုရားသခင်ကိုကိုးကွယ်ရန်စိတ်ဆန္ဒရှိလာ၏။ သင်သည်ဤကဲ့သို့ဧကန်အမှန်ပြုသည်နည်းတူ ဘုရားသခင်သည်သင့်အားပေးသောဂတိ တော်ကိုပြည့်စုံစေတော်မူမည်။ သင်သည်ဂတိတော်ကိုယုံလျှင်၊သင်သည်အပြစ်လွှတ်ခြင်းကို ခံရ၍ အပြစ်မှဆေးကြောခြင်းခံရပြီဟုယုံလျှင်၊ ဘုရားသခင်သည်သင်၏ ယုံကြည်ချက်အတိုင်း ဧကန်အမှန်ပြုတော်မူ၏။လက်ခြေ သေသောသူသည် မိမိကျန်းမာလာပြီဟု ယုံကြည်သောအခါ သခင်ယေရှုကထိုသူအား လှမ်းသွားနိုင်သောတန်ခိုးကို ပေးတော်မူသည်နည်းတူသင်သည်လည်းသန့်ရှင်းခြင်းသို့ရောက် လေပြီ။ သင်သည်ယုံကြည်လျှင်ထိုသို့အမှန်ဖြစ်၏။ SC 67.2

သင်သည်သန့်ရှင်းခြင်းသို့ရောက်ပြီဟုသိရှိလာသည်တိုင်အောင်စောင့်ဆိုင်းမနေပါနှင့်။ ကျွန်ုပ်သည်သန့်ရှင်းခြင်းသို့ရောက်ပြီဟုယုံကြည်ပါသည်။ ထိုသို့ဖြစ်သည်ဟုသိရှိရသော ကြောင့်မဟုတ်ဘဲ၊ ဘုရားသခင်သည်ဂတိထားတော်မူခဲ့ပြီဖြစ်သောကြောင့်ထိုသို့ယုံကြည်ပါ သည်ဟုပြောဆိုလော့။ SC 68.1

“သင်တို့သည် ဆုကျေးဇူးကိုရမည်ဟုယုံကြည်သောစိတ်နှင့်ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်” ဟုသခင်ယေရှုကမိန့်တော်မူ၏။ (မာကု၊ ၁၁း၂၄) ဤဂတိတော်ကိုပြည့်စုံ စေရန်လိုက်နာအပ်သောစည်းကမ်းချက်တခုရှိပေသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်၏အလို တော်နှင့်အညီဆုတောင်းရကြမည်။ သို့သောဘုရားသခင်၏အလိုတော်ကားကျွန်ုပ်တို့အား အပြစ်မှဆေးကြောရန်၊ ကျွန်ုပ်တို့အားဘုရားသခင်၏သားသမီးများဖြစ်လာကြစေရန်နှင့် ကျွန်ုပ် တို့အားသန့်ရှင်းသောအသက်တာ၌အသက်ရှင်နိုင်စေရန်ဖြစ်သတည်း။ ထို့ကြောင့်ကျွန်ုပ်တို့ သည် ဤကောင်းကြီးမင်္ဂလာများကို တောင်းလျှောက်နိုင်ကြ၍ ၎င်းတို့ကိုရရှိကြသည်ဟုယုံ ကြည်လျက်။ ကျွန်ုပ်တို့သည်၎င်းတို့ကိုရရှိကြပြီဖြစ်သောကြောင့်ဘုရားသခင်အားကျေးဇူးတင် ကြသည်။ သခင်ယေရှုထံတော်သို့သွား၍ ဆေးကြောစင်ကြယ်ခြင်းသို့ရောက်လျက် ရှက် ကြောက်စရာ သို့မဟုတ် သံဝဂ၊ ရစရာမလိုတော့ဘဲ ပညတ်တရားရှေ့၌ ရပ်တည်နေနိုင်ရန် ကျွန်ုပ်တို့၌အခွင့်အရေးရရှိလေပြီ။ “ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူသည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။” (ရောမ၊ ၈း၁။) SC 68.2

ထိုအခါမှစ၍ သင့်ကိုယ်ကိုသင်မပိုင်။ သင့်အားအဘိုးနှင့်ဝယ်ယူတော်မူပြီ။ “ရွှေ၊ ငွေ အစရှိသောဖေါက်ပြန်ပျက်စီးတတ်သော ဥစ္စာနှင့်သင်တို့ကို ရွေးချယ်တော်မူသည် မဟုတ်။ အဘယ်အပြစ်မျှမရှိ၊ အညစ် အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့်ရွေးတော် မူသည်။” (၁ ပေတရု ၊ ၁း၁၈၊၁၉။) ဘုရားသခင်ကိုယုံကြည်ခြင်းတည်ဟူသော ဤလွယ်ကူ သောအမှုအားဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏စိတ်နှလုံးထဲ၌ အသစ်သောအ သက်ကိုဖြစ်ပွားစေတော်မူပြီ။ သင်သည်ဘုရားသခင်၏ အိမ်ထောင်၌ မေးဘွားသောသားသမီး ကဲ့သို့ဖြစ်လာ၍ ဘုရားသခင်သည်မိမိ၏သားတော်ကိုချစ်သကဲ့သို့သင့်ကိုချစ်တော်မူ၏။ SC 68.3

ယခုသင်သည်သခင်ယေရှုအားသင့်ကိုယ်ကိုအပ်ပေးပြီး၊ နောက်မဆုတ်ပါနှင့်၊ သင့် ကိုယ်ကို ကိုယ်တော်ထံမှပြန်မယူပါနှင့်။ နေ့စဉ်ရက်ဆက်ငါသည်သခင်ခရစ်တော်၏လူဖြစ်လာ ပြီ။ ငါ့ကိုယ်ကိုကိုယ်တော်အားငါပေးအပ်ခဲ့ပြီဟုပြောဆိုနေလော့။ ၎င်းပြင်ကိုယ်တော်၏ ဝိညာဉ် တော်ကိုသင့်အားပေး၍ ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် သင့်ကိုစောင့်ထိန်းရန် ကိုယ်တော် အားတောင်းလျှောက်လော့။ သင့်ကိုယ်ကိုဘုရားသခင်အားအပ်ပေး၍ဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် သင်သည်ဘုရားသခင်၏သားသမီးဖြစ်လာသည့်အလျောက် သင်သည်ဘုရား သခင်၌အသက်ရှင်ရမည်။ “ထို့ကြောင့်သင်တို့သည် သခင်ယေရှုခရစ်ကိုခံယူပြီးသည်ဖြစ်၍ ထိုသခင်၌ကျင်လည်ကြလော့” (ကောလောသဲ၊ ၂း၆။) ဟုတမန်တော်ကပြောဆို၏။ SC 69.1

အချို့သောသူတို့က မိမိတို့သည်စုံစမ်း စစ်ဆေးနေသည့်အချိန်တွင်ရှိနေကြသေး၍၊ မိမိတို့သည် ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာများကိုမတောင်းဆိုမှီ၊ မိမိတို့ကိုယ်တိုင်၌ ပြောင်း လဲပြုပြင်ခြင်းရှိကြောင်း၊ ထာဝရဘုရားအားသက်သေပြရကြမည်ဟုထင်ကြ၏။သို့သော်သူတို့ သည်ယခုပင်ဘုရားသခင်အားကောင်းကြီးမင်္ဂလာကိုတောင်းဆိုနိုင်သည်။ သူတို့၏အားနည်း ခြင်းအဖြစ်ကိုကူညီမစရန်သူတို့၌ ဘုရားသခင်၏ကျေးဇူးတော်တည်းဟူသောသခင်ခရစ်တော် ၏ဝိညာဉ်တော်ကိုရရှိသင့်ကြသည်။ သို့မဟုတ် သူတို့သည် မကောင်းသောအမှုအရာတို့ကိုမ တားဆီးနိုင်ကြ။ ကျွန်ုပ်တို့ သည်အပြစ်ရှိ၍ခိုကိုးရာမဲ့လျက်တစုံတဦးကိုမှီခိုဘို့လိုနေသည့်အခါမှာပင်ကျွန်ုပ်တို့အားမိမိ ထံတော်သို့ချဉ်းကပ်ရန် သခင်ယေရှုသည်အလိုရှိတော်မူ၏။ ကျွန်ုပ်တို့သည်အားနည်းသော အဖြစ်၊ မိုက်မဲသောအဖြစ်၊ အပြစ်ရှိနေသောအဖြစ်အပေါင်းတို့နှင့်ပင် ကိုယ်တော်ထံသို့ချဉ်ကပ် ၍ နောင်တရခြင်းနှင့် ကိုယ်တော်၏ခြေတော်ရင်း၌ ပျပ်ဝပ်ကိုးကွယ်ရကြမည်။ ကိုယ်တော် သည်ကျွန်ုပ်တို့အားမိမိ၏မေတ္တာလက်တော်ဖြင့်ပိုက်ပွေ့ခြင်း၊ ကျွန်ုပ်တို့၏အနာများကိုပတ် စည်းပေးခြင်းနှင့် ကျွန်ုပ်တို့အားအပြစ်ဒုစရိုက်အပေါင်းမှ ဆေးကြောပေးခြင်းအမှုတို့ကား ကိုယ်တော်၏ဘုန်းတော်ဖြစ်ပေသည်။ SC 69.2

ဤနေရာ၌ ထောင်ပေါင်းများစွာသောသူတို့သည် မအောင်မြင်ကြချေ။ သခင်ယေရှု သည် လူအသီးသီးတို့အား ကိုယ်တိုင်အပြစ်လွှတ်တော်မူသည်ကို သူတို့သည်မယုံကြည်ကြ ချေ။ သူတို့သည်ဘုရားသခင်၏စကားတော်ကိုမယုံကြည်အားမကိုးကြချေ။ အပြစ်ရှိသမျှအ တွက်အပြစ်လွှတ်ခြင်းအခွင့်ကိုရက်ရောစွာပေးသနားတော်မူသည်ကို စည်းကမ်းချက်များအ တိုင်းလိုက်နာကြသောသူရှိသမျှတို့ကိုယ်တိုင်သိရှိနားလည်ခွင့်ရရှိကြပေသည်။ ဘုရားသခင်၏ ဂတိတော်များသည် သင့်အဘို့မဟုတ်ဟူသောယုံမှားသံသယရှိသမျှတို့ကိုဖယ်ရှားလော့။ ၎င်း တို့ကားနောင်တရသောအပြစ်ကျူးလွန်သူတိုင်းအဘို့ဖြစ်ကြသည်။ သခင်ခရစ်တော်အား ဖြင့်ချပေးတော်မူသောခွန်အားနှင့်ကျေးဇူးတော်တို့ကိုယုံကြည်သောသူတိုင်းတို့ထံသို့ စောင့် ရှောက်ပြုစုသော ကောင်းကင်တမန်များက ယူဆောင်လာကြပြီ။ သူတို့အတွက်အသေခံတော် မူသော သခင်ယေရှု၌ ခွန်အား၊ သန့်ရှင်းဖြူစင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို မတွေ့ရှိနိုင် လောက်အောင်မည်သူမျှ အပြစ်ကြီးကျယ်လှသည်မဟုတ်။ အပြစ်နှင့်ညစ်ညူးစွမ်းကွက်နေ သောသူတို့၏ဝတ်လုံများကိုချွတ်ပယ်၍ ဖြောင့်မတ်ခြင်းတည်းဟူသောဝတ်လုံဖြူကိုခြုံပေးရန် ကိုယ်တော်သည် စောင့်ဆိုင်းနေတော်မူ၏။ ကိုယ်တော်ကသူတို့အား မသေစေဘဲ အသက်ရှင် စေဘို့မိန့်မှာတော်မူ၏။ SC 70.1

အကန့်အသက်ရှိသောလူသည် အချင်းချင်းတို့အားပြုမူသကဲ့သို့ဘုရားသခင်သည် ကျွန်ုပ်တို့အားပြုတောမမူပါ။ ကိုယ်တော်၏အကြံအစည်များကား ကရုဏာ၊ မေတ္တာနှင့်နူးညံ့ဆုံး ကြင်နာသနားခြင်းတို့နှင့်ပြည့်စုံ၏။ ကိုယ်တော်က၊ “ဆိုးသောသူသည် မိမိလမ်းကို၎င်း၊ မတရား သောသူသည် မိမိအကြံတို့ကို၎င်းစွန့်ပစ်၍၊ ထာဝရဘုရားထံတော်သို့ပြောင်းလဲပါစေ။ သို့ပြု လျှင်သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင်ထံတော်သို့ပြောင်းလဲပါစေ။ သို့ပြုလျှင်အထူးသ ဖြင့်အပြစ်ကိုလွှတ်တော်မူလိမ့်မည်။” (ဟေရှာယ၊ ၅၅း ၇ ။) “သင်၏ဒုစရိုက်တို့ကိုတိမ်တိုက်ကဲ့ သို့၎င်း၊ သင်၏အပြစ်တို့ကို တိမ်လွှာကဲ့သို့၎င်းငါချေပြီ” (ဟေရှာယ၊ ၄၄း၂၂။)ဟုမိန့်တော်မူ၏။ SC 71.1

“အသေခံရသောသူ၏အသေခံခြင်းအမှု၌ ငါသည်ပျော်မွေ့ခြင်းမရှိ။ ထို့ကြောင့်၊ ပြောင်း လဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။” (ယေဇကျေလ၊ ၁၈း၃၂။) စာတန်သည်ဘုရားသခင်၏မင်္ဂလာဂတိတော်များကို ခိုးယူသွားရန်အသင့်ရှိနေ၏။ သူသည်လူ တို့အထဲမှမြော်လင့်ခြင်းအရိပ်အရောင်နှင့် အလင်းရောင်ခြည်တိုင်းကိုဖယ်ရှားရန်အလိုရှိ၏။ သွေးဆောင်သူ၏စကားကိုနားမထောင်ဘဲ ငါသည်အသက်ရှင်မည့်အကြောင်းသခင်ယေရှု အသေခံတော်မူပြီ။ ကိုယ်တော်သည်ငါ့ကိုချစ်၍ငါ့အားပျက်စီးစေဘို့ရန် အလိုတော်မရှိပါ။ ငါ၌သနားကြင်နာတတ်သောကောင်းကင်ခမည်းတော်ရှိ၏။ ငါသည်ကိုယ်တော်၏မေတ္တာတော် ကိုရှုတ်ချ၍ ငါ့အားပေးတော်မူသောကောင်းကြီးမင်္ဂလာများကိုဖြုန်းတီးခဲ့သော်လည်း၊ “ငါသည် ထ၍ငါ့ခမည်းတော်ထံသို့သွားကာအကျွန်ုပ်သည်ဘုရားသခင်ကို၎င်း၊ကိုယ်တော်ကို၎င်းပြစ်မှားပါပြီယခုမှစ၍ကိုယ်တော်၏သားဟုခေါ်ခြင်းကိုမခံထိုက်ပါ။သူငှားအရာ၌အကျွန်ုပ်ကိုထားတော်မူပါ” ဟုငါပြောမည်ဟူ၍ပြန်ပြောလော့။ အိမ်မှထွက်ခွာသွားနေသောသူအားမည်ကဲ့သို့လက်ခံ ပြုစုကြောင်းကိုဥပမာကသင့်အားဘော်ပြလိမ့်မည်။ “သွား၍ဝေးသေးသောအခါ၊ အဘသည်သူ့ ကိုမြင်လျှင်၊ သနားသောစိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကိုပိုက်ဘက်လျက်နမ်း ရှုပ်လေ၏။” (လုကာ၊ ၁၅း၁၈-၂၀။) SC 71.2

သို့ရာတွင်နူးညံ့သိမ်မွေ့၍ စိတ်ထိခိုက်ဘွယ်ဖြစ်သော ဤဥပမာပင်ကောင်းကင်အဖခ မည်းတော်၏အနန္တမေတ္တာတော်ကိုပြည့်စုံအောင်မဘော်ပြနိုင်ချေ။ “အကယ်စင်စစ်ထာဝရ မေတ္တာနှင့်သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကိုသင်၌ကြာမြင့်စွာပြ၏” ဟုထာဝရ ဘုရားကမိမိ၏ပရောဖက်အားဖြင့်ဘော်ပြတော်မူ၏။ (ယေရမိ၊ ၃၁း၃။) အပြစ်ရှိသောသူသည် တပါးအမျိုးသားတို့၏နိုင်ငံ၌မိမိ၏ဥစ္စာများကိုဖြုန်းတီးလျက်၊ ခမည်းတော်၏အိမ်မှဝေးကွာ လျက်ရှိနေသေးသောအခါ၌ပင်၊ ခမည်းတော်သည်သူ့အား တောင့်တမြော်လင့်လျက်နေတော် မူ၏။ဘုရားသခင်ထံပြန်လာရန်လူ၏စိတ်ဝိညာဉ်၌နိုးကြားထကြွလာသောတောင့်တသောစိတ သည်ကား၊ ဘုရားသခင်၏ဝိညာဉ်တော်က လေလွင့်နေသူအားမိမိခမည်းတော်၏မေတ္တာတော် သို့ဆွဲငင်သွေးဆောင်လျက်ကြင်နာစွာတောင်းပန်နေခြင်းမျှသာလျှင်ဖြစ်ပေသည်။ SC 72.1

သင့်ရှေ့၌ကျမ်းစာတော်မြတ်၏ဂတိတော်များရှိလျက်ပင်သင်သည်ယုံမှားခြင်းရှိ နိုင်ဦးမည်လား။ သနားစရာကောင်းသောအပြစ်သားသည်မိမိ၏အပြစ်များကိုစွန့်လျက်ပြန်လာ ရန်တောင့်တနေသောအခါ၊ ထာဝရဘုရားသည်သူအားမိမိ၏ခြေတော်ရင်းသို့နောင်တရခြင်း နှင့်ပြန်မလာစေရန်တင်းမာစွာတားဆီးကန့်ကွက်တော်မူသည်ဟုသင်ထင်မှတ်နိုင်သလား။ ဤကဲ့သို့သော ထင်မြင်ချက်တို့ကိုဖယ်ရှားပါ။ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်အကြောင်း ထိုသို့ထင်မှတ်ခြင်းထက်ဘယ်အရာမျှသင်၏စိတ်ဝိညာဉ်ကိုသာ၍ထိခိုက်နာကျင်ခြင်းကိုမဖြစ် စေနိုင်။ကိုယ်တော်သည်အပြစ်ကိုမုန်းသော်လည်းအပြစ်သားကိုချစ်တော်မူသဖြင့်၊ အလိုရှိ သောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရ၍ဘုန်းတော်နိုင်ငံတော်တွင်ထာဝရကောင်းကြီး မင်္ဂလာကို ခံစားနိုင်ကြမည်အကြောင်းသခင်ခရစ်တော်ကိုယ်တော်တိုင်အားဖြင့်ဘုရားသခင် သည်မိမိကိုယ်ကိုစွန့်တော်မူ၏။ ကျွန်ုပ်တို့အပေါ်၌ထားတော်မူသောမိမိ၏မေတ္တာတော်အ ကြောင်းကိုဘော်ပြရန် ဘုရားသခင်ကိုယ်တော်တိုင်ရွေးချယ်ဘော်ပြသောစကားများထက် မည်သည့်စကားများသည်သာ၍လေးနက်၊သာ၍နူးညံ့သိမ်မွေ့နိုင်ဦးမည်လဲ။ “မိန်းမသည် မိမိဘွားသောသားကိုမသနား သည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကိုမေ့လျော့နိုင်သလော။ အကယ်၍မေ့လျော့သော်လည်း၊ သင့်ကိုငါမမေ့လျော့” ဟုဘုရားသခင်ကဘော်ပြတော်မူ၏။ ( ဟေရှာယ ၊ ၄၉း၁၅။) SC 72.2

သခင်ယေရှုသည်ကျွန်ုပ်တို့အတွက်အပြစ်ဖြေခြင်းအမှုကိုပြုရန်အသက်ရှင်လျက်ရှိ တော်မူသောကြောင့်၊ ယုံမှားကြောက်ရွံ့တုန်လှုပ်လျက်ရှိသောအသင်သည် မြော်ကြည့်လော့။ မိမိ၏ချစ်သောသားတော်ကိုပေးတော်မူသည့်အတွက်ဘုရားသခင်ကိုကျေးဇူးတင်လော့။၎င်း ပြင်ကိုယ်တော်သည် သင့်အတွက်အသေခံတော်မူခြင်းအမှုသည် အချည်းနှီးမဖြစ်စေရန်ဆု တောင်းပါ။ဝိညာဉ်တော်ကသင့်အားယနေ့ခေါ်ဘိတ်လျက်နေတော်မူ၏။ သခင်ယေရှုထံတော် သို့စိတ်နှလုံးအကြွင်းမဲ့လာလော့။၎င်းပြင်ကိုယ်တော်၏ကောင်းကြီးမင်္ဂလာများကိုတောင်း လျှောက်နိုင်လိမ့်မည်။ SC 73.1

သင်သည်ဂတိတော်များကိုဘတ်နေစဉ်အခါ၊ ၎င်းတို့ကားနှုတ်ဖြင့်ဘော်မပြနိုင်သော မေတ္တာနှင့် ကရုဏာတော်အကြောင်းကိုဘော်ပြချက်များဖြစ်ကြောင်းကိုသတိပြုပါ။ အနန္တ မေတ္တာနှင့်ပြည့်စုံတော်မူသောအရှင်၏ကြီးမြတ်သောစိတ်နှလုံးသည်အကန့်အသတ်မရှိသော ကရုဏာတော်အားဖြင့်အပြစ်သား၏ စိတ်ကိုဆွဲငင်လျက်ရှိ၏။ “ထိုသားတော်၏အသွေးအား ဖြင့်အပြစ်လွှတ်တော်မူခြင်းတည်းဟူသောရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရ၏။” (ဧဖက်၊ ၁း၇။) မှန်ပေသည်။ ဘုရားသခင်သည် သင့်အားကူညီမစတော်မူသောသူ ဖြစ်တော် မူသည်ဟုသာယုံကြည်ပါ။ လူ၏အထဲ၌ အကျင့်နှင့်ဆိုင်သောမိမိပုံသဏ္ဍာန်တော်ကိုပြန်၍ပြုပြင် ပေးရန် ဘုရားသခင်သည်အလိုရှိတော်မူ၏။ သင်သည်အပြစ်ကိုဝန်ချတောင်းပန်လျက် နောင် တရသောစိတ်နှင့်ဘုရားသခင်ထံတော်သို့ချည်းကပ်သောအခါ၊ ဘုရားသခင်သည်သင့်အနား သို့ကရုဏာနှင့်၎င်း၊ အပြစ်လွှတ်ခြင်းအခွင့်နှင့်၎င်း ချဉ်းကပ်တော်မူမည်။ SC 73.2