ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

63/271

အခန်း (၆)—အပါအဝင် သင်တန်းကျောင်းတက်နေစဉ်ကျောင်းသားများ သာသနာပြုအလုပ်လုပ်ကြရန်

ပညာရေးရည်မှန်းချက်

စစ်မှန်သောပညာရေးသည် သာသနာပြုတတ်ရန် သင်တန်းပေးခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏သားသမီးတိုင်းသည် သာသနာပြုတစ်ဦးဖြစ်လာ ရန် ခေါ်ယူခြင်းခံရပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ အပေါင်းအသင်းများအတွက် အစေခံဝန်ထမ်းပေးရန်နှင့် ကျွန်ုပ်တို့၏ပညာ ရေးရည်မှန်းချက်သည်လည်း ဤသို့အစေခံအမှုဆောင်ခြင်းအတွက် ကိုက်ညီ အောင်လုပ်ဆောင်ရန် ခေါ်ယူတော်မူခြင်းခံကြရပါ၏။ (ChS 64.1) ChSBur 101.1

ကျွန်ုပ်တို့သည် ကျောင်းများကိုတည်ထောင်ရခြင်းမှာ လူငယ်တို့ သည် ရန်သူစာတန်၏သွေးဆောင်လှည့်ဖြားမှုကို တွန်းလှန်ခုခံရာတွင် အခိုင် အခံ့ရှိလာစေဖို့ဖြစ်သည်။ သူတို့သည် ထိုနေရာမှထာဝရအဖြစ်သို့ရောက်သည့် တိုင်အောင် ယခုဘဝ၌ ဘုရားအမှုတော်အတွက် အသုံးရစေသောအရည်အချင်း များပြည့်မီလာစေဖို့ဖြစ်သည်။ (ChS 64.2) ChSBur 101.2

အသိဉာဏ်အလွန်နည်းပြီး မိုက်မဲပျက်စီးနေသူများအတွက် အကျိုး တစ်ခုလုံးအတွက် ထားရှိသောထာဝရဘုရားသခင်၏ရည်ရွယ်ချက်ကြီးကို ဆောင်ပေးနိုင်ရန် ဉာဏ်ပညာကိုကြိုးစားရှာဖွေနေသူများသည် လူသားမျိုးနွယ် ပြီးပြည့်စုံစေရန် သူ့အပိုင်းသူလုပ်ဆောင်နေသောသူဖြစ်ကြသည်။ ကိုယ်ကျိုး မဖက် အများအကျိုးအတွက် အလုပ်အကျွေးပြုဝန်ဆောင်နေသောသူတို့သည် ခရစ်ယာန်ပညာရေးစနစ်၏ မြင့်မားသောစံနမူနာကို ဖေါ်ကျူးနေခြင်းဖြစ်ပါ သည်။ (ChS 64.3) ChSBur 101.3

ဘုရားသခင်သည် အားကောင်းသန်မာ၊ ဆက်ကပ်မှုရှိကြသူ၊ ကိုယ်တိုင်လည်း အနစ်နာခံစိတ်ရှိကြသူ၊ စာသင်ကျောင်းများတွင် သူတို့၏ ChSBur 101.4

အချိန်ကို တိုတိုနှင့်ပြီးစေပြီးနောက် ရှေ့တန်းသို့သွား၍ လောကကိုသတင်း စကားပြောပေးရန် ဆက်လက်ပြင်ဆင်နေကြသူ၊ လူငယ်ယောက်ျားမိန်းမများ ကို ခေါ်ယူနေတော်မူပါသည်။ (ChS 64.4) ChSBur 102.1