ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

149/271

အပိုင်းအစတိုင်းကိုတန်ဖိုးထားပါ

မုန့်နှင့်ငါးအနည်းငယ်မျှဖြင့် လူအုပ်ကြီးကိုကျွေးမွေးခဲ့သောတန်ခိုးပြ ခြင်းထဲ၌ အစားအစာသည် ခရစ်တော်လက်မှတစ်ဆင့် လက်ခံရရှိသူများဆီသို့ လက်ကမ်းရောက်လာသောအခါ တိုးပွားလာခဲ့သည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့၏စာပေဖြန့်ချိရေးတွင် ဖြစ်နေရလိမ့်မည်။ ထာဝရဘုရား၏သမ္မာ တရားသည် လက်ကမ်းပေးလိုက်သောအခါတိုင်း အဆကြီးစွာတိုးပွားရမည်။ ခရစ်တော်၏လမ်းညွှန်ခြင်းအရ တပည့်တော်များအနေဖြင့် တစ်စုံတစ်ခုမျှ ပျောက်မသွားရလေအောင်အပိုင်းအစများကို ကောက်ယူစုသိမ်းကြရမည်။ ထိုသို့ သောအားဖြင့် ယနေ့အတွက် သမ္မာတရားရေးသားထားသောကျွန်ုပ်တို့၏စာပေ စာစောင်အပိုင်းအစအားလုံးကို တန်ဖိုးထားသင့်ကြသည်။ တတိယကောင်းကင် တမန်၏သတင်းစကားအမှန်ရေးသားဖေါ်ပြချက်ပါသည့် စာရွက်စုတ်အပိုင်းအစ ကလေးသည်ပင်လျှင် သမ္မာတရားကို ရှာဖွေနေသူအချို့၏စိတ်နှလုံးနှင့် တွေ့ထိနိုင်သည်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ခန့်မှန်းသိရှိနိုင်ကြလိမ့် မည်မဟုတ်ပါ။ (ChS 153.3) ChSBur 255.1